ကျောင်းစ,ဝင်ရမည့် မနက်ဆိုတော့ ဆော့ဂျင်စောစောကလေး ထရပါ၏။ကျောင်းသွားဖို့ပြင်ရသည်။အောက်မှာ ရေဆင်းချိုးဖို့ တဘက်ကလေး ပခုံးတင်ရင်း ဆပ်ပြာ၊သွားတိုက်ဆေးခွက် ကိုင်ကာ ဆင်းလာခဲ့သည်။
ဆော့ဂျင်ဆင်းလာလာ ခြင်း အိမ်နောက်ဖေးနားမှာ သပ်သပ်ရပ်ရပ်ဆောက်ထားသည့်ထရံကာ ရေချိုးခြံကလေးကိုတွေ့သောအခါ အံ့သြသွားရသည်။
မနေ့က သည်ရေချိုးခြံမရှိပါဘူး။ယွန်းဂီတို့လင်မယားတောင် သူ့အတွက် ရေချိုးခြံကို ဂျွန်ဂျောင်ကုဆိုသည့်ကောင်လေးထံ လုပ်ခိုင်းဖို့ မနေ့ကလေးတင် တိုင်ပင်နေကြသည်ပဲ။ဒီကောင်လေး ညတွင်းချင်းလာလုပ်သွားသည်လား။ဘယ်လိုတောင်...?။
စဥ်းစားနေရင် ကြာနေမည်စိုးသောကြောင့် ဆော့ဂျင် များများစားစားမတွေးတော့ပဲ ရေသာမြန်မြန်ချိုးလိုက်သည်။ရှပ်အင်္ကျီစပိုစ့်ရှပ်အဖြူနှင့်ဂျင်းဘောင်းဘီ အရှည်ခပ်ပွပွကိုဝတ်ကာ အိမ်တံခါးသော့ခတ်၍ ဆင်းလာခဲ့ပါသည်။
နာရီကြည့်တော့ မနက်ရှစ်နာရီ ထိုးပြီးစပဲရှိသေးသည်။ကျောင်းမှာစောများနေမလား။စောစောလေးသွားတာလည်းတစ်မျိုးကောင်းပါသည်။ကျောင်းပတ်ဝန်းကျင်ကိုကြည့်ချင်သည်။ကျောင်းသားဦးရေ စာရင်းတွေလည်းကြည့်ရအုံးမည်။
"ဆရာလေး ဆော့ဂျင် ကျောင်းသွားတော့မလို့လားဗျ ကျွန်တော်က မနက်စာ စားဖို့လာခေါ်တာ"
ဆော့ဂျင် ကျောင်းတွင်လုပ်စရာများကို စဥ်းစားခန်းဝင်နေတုန်း ခြံပြင်မှ ဟိုဆော့ အသံကိုကြားလိုက်ရသည်ည်။
"ဟုတ်တယ်ဗျ ကျွန်တော်အခုပဲသွားဖို့ပြင်နေတာ"
"လာဗျာ အခုတော့ မနက်စာ စားသွားလိုက်အုံး ပြီးမှကျွန်တော်ကျောင်းလိုက်ပို့ပေးပါ့မယ်"
ဟိုဆော့၏ဖိတ်ခေါ်မှုကြောင့် သူ ဂျွန်မေမေကြီးတို့အိမ်မှာ မနက်စာ စားပြီးမှ ကျောင်းလာခဲ့ရပါသည်။
"ဟိုဆော့ကို ကျွန်တော်မေးရအုံးမယ် မနေ့ကအိမ်က ရေချိုးခြံကို ဘယ်အချိန်လာလုပ်သွားတာတုန်းဗျ"
"ဟားဟား..." အဲ့အကြောင်းတော့ ကျွန်တော်မပြောချင်ပါဘူး ဆရာလေးရာ အိမ်ကအငယ်ကောင် ဂျောင်ကုလေ ညတွင်းချင်းပဲ အဲ့ရေချိုးခြံကိုလုပ်သွားတာ"