နွေဦးဆိုတော့ လေရူးတွေတိုက်သည့်လပေါ့။ဆော့ဂျင် ပြူတင်းတစ်ချပ်ဖွင့်၍ အပြင်ဘက်သို့ ငေးသည်။ဘို့ဒူရွာလေး တုန်းကလို ဆီနံ့၊ညော်နံ့တွေ ကင်းမနေသော ဆိုလ်းမြို့ကြီး၏ လေထုကို ရှုရှိုက်ရင်း ရွာလေးကိုလည်း လွမ်းမိပါသည်။
"သား ဘာတွေ ငေးနေတာတုန်း ထမင်းစားမယ်လေ..ထမင်းဝိုင်းမှာ မင်းဖေဖေစောင့်နေပြီ"
နောက်မှ မေမေ၏ လာခေါ်မှုကြောင့် ဆော့ဂျင် ထမင်းဝိုင်းသို့ လိုက်လာခဲ့သည်။
"ငါ့သား ကဟိုမှာ ရည်းစားတွေ ဘာတွေရနေပြီလားကွ မင်းကြည့်ရတာ..လွမ်းဆွေးနေသလိုပဲ"
ဖေဖေက ထမင်းဝိုင်းတွင် ရွှတ်နောက်နောက်နှင့် စကားစ လာတော့ မေမေ့၏ မျက်စောင်းကြီးကိုရသည်။
"ရှင်ကတော့နော် ကလေးကို ဘာတွေလျှောက်ပြောနေတာလဲ"
"ဟုတ်တာ ပြောတာကွ..မင်းသားလည်းမင်းမေးကြည့်ဦး"
"ဟုတ်လားသား...မေ့ သားလေး ဟိုမှာ ရည်းစားရနေပြီလား"
မေမေက စိုးရိမ်ပူပန်သည့်မျက်နှာလေးနှင့် မေးတော့ ဆော့ဂျင်ရယ်လျက် ခေါင်းခါရင်း...
"မရပါဘူး မေမေရယ်..."
"သားမှာ ရည်းစူးထားတဲ့ သူရှိရင်တော့ မေမေတို့က ခွင့်ပြုဖို့ ဝန်မလေးပါဘူး သားရယ်..အဓိက က စာရိတ္တလေး ကောင်းပြီး ငါ့သားလေးကို တကယ်ချစ်မြတ်နိုးတဲ့သူဖြစ်ရင်တော်ပါပြီ"
"ဟုတ်ကဲ့ပါ...မေမေ"
မေမေက ဆော့ဂျင်ကို အဓိပ္ပာယ်များစွာ ပါသောအကြည့်နှင့်ခပ်ပြုံးပြုံးလေးကြည့်နေရှာ သည်။သူလည်း မေမေတို့ဆန္ဒနှင့် တစ်ထပ်တူသည့် သူနှင့်သာ တစ်အိုးတစ်အိမ်ထူထောင်ချင်ပါသည်။ဖူးစာချင်း ဖက်တော့ ရှောင်လို့မရ ဆိုသည့် စကားကိုလည်း ကြားဖူးသည်။သူ့ဖူးစားဖက် ကတော့ ဘယ်လို၊ဘယ်ပုံ လာမယ် မသိသေး။
တစ်ရက်...။
"သားရေ ...အိမ်ရှေ့မှာ သားဧည့်သည်ရောက်နေတယ်"
မေမေ၏ အဆိုကြောင့် ဆော့ဂျင် အိမ်ရှေ့ထွက်ခဲ့တော့ အိမ်ပေါက်ဝတွင် ရပ်နေသော ထယ်ယောင်းကြောင့် အံ့သြသွားရသည်။အိမ်ကို ဘယ်လိုများ သိပြီး ရောက်လာပါလိမ့်။သည်လိုရောက် လာမယ်လည်း မထင်ခဲ့။