Beautiful day with we words(Part-14)

524 73 5
                                    

အရှိန်မှန်မှန်ပြေးလွှားနေသော ဆိုင်ကယ် ကလေးသည်မြေနီလမ်းများပေါ်မှဖြတ်၍မောင်းနှင်နေသည်။

"မနက်က ကိစ္စနဲ့ကျွန်တော့်ကို စိတ်ဆိုးနေသရော့လား...ကျွန်တော် တောင်းပန်ပါတယ်ဗျာ..ထယ်ယောင်းကိုက ကတိပေးထားပြီးသားဖြစ်နေလို့ပါ"

"မဆိုးဘူး"

ရှေ့မှမောင်းနေသူ ဂျောင်ကုကို ဆော့ဂျင် စကားလှမ်းစတော့ "မဆိုးဘူး" သာပြောတယ် အသံလေးက မာဆတ်ဆတ်။ဒီကောင်လေး စိတ်ဆိုးနေသေးတာပဲ။

"ဟုတ်လို့လားဗျာ..."

"ဟုတ်တယ်!"

"ဖြေးဖြေးမောင်းနော်...ကျွန်တော်ကြောက်လို့ရယ်..."

ဆော့ဂျင် ထိုင်နေသည့် ဆိုင်ကယ် ကယ်ရီယာနောက်မှ ဂျောင်ကုနားပိုတိုးကာ ဂျောင်ကု၏ အင်္ကျီစများကိုဆုပ်ကိုင်ရင်းပြောလိုက်သည်။ရုတ်တရက် လုပ်လိုက်သည့်အခြေအနေကြောင့်မို့ ထင်၏။ကောင်လေး က အယောင်ယောင်အမှားမှားနှင့် ဆိုင်ကယ်တောင် လယ်ကွင်းတွေထဲ ထိုးကျတော့ မလိုဖြစ်သွားသေးသည်။

ဆော့ဂျင် နောက်မှနေ ကြိတ်ရီမိ၏။သည်ကောင်လေးကို သူ စကားတွေအများကြီးပြောပြီး စချင်,နောက်ချင်သည်။

တစ်ခါတစ်လေ အရှက်သိပ်သည်းပြီး အူကြောင်ကြောင်လေး ဂျောင်ကုကို မခို့တရို့လေး စ,ရ တာဆော့ဂျင် ပျော်သည်။ဟန်လုပ်စရာမလို၊စကားလုံးတွေရွေးစရာမလို၊လွတ်လပ်ပေါ့ပါးလှပါ၏။

"ဂျောင်ကု ကို ကျွန်တော်မေးရအုံးမယ်"

"အင်း"

"ကျွန်တော့်ကို စတွေ့ တုန်းက ဘယ်လိုမြင်လဲ"

ထယ်ယောင်းက သူ့ကိုစတွေ့တုန်းက အေးချမ်းတယ်လို့မြင်တော့ ဒီကောင်လေးလည်း သူ့ကို ဘယ်လိုမြင်မလဲသိချင်သည်။ကောင်လေးက ချက်ချင်းမဖြေ။နဲနဲကြာကြာစဥ်းစားပြီးမှ အဖြေပေး၏။

"ကဝေလေး တစ်ကောင်လို့မြင်တယ်"

"ခင်ဗျာ..."

ကဝေလေးတဲ့။ဆော့ဂျင် ဂျောင်ကု အဖြေကိုကြားပြီး အားရပါးရ ရယ်တော့ ဂျောင်ကုက "ဟုတ်တာပြောတာဗျ"ဟုဆိုလေသည်။

Love From BᴏDᴜWhere stories live. Discover now