နှစ်ပေါင်းများစွာထဲကတည်းက ရေနံရည် ဝကာ မည်းမည်းချိတ်လျက်ရှိသော ဂျွန်အိမ်တော်၏မြေဝိုင်း ကွက်လပ်ထဲ၌ ရွာသူရွာသားများ စုဝေးနေကြသည်။
အိမ်ထဲတွင်လည်း လူအပြည့်နှင့် နက်ဖြန်ခါ ကျင်းပမည့် မင်္ဂလာပွဲအတွက် ချက်ပြုတ်သူများ၊မဏ္ဍုပ်ဆောက်သူများ၊အလှဆင်သူများနှင့် ပွက်လောရိုက်နေကြပြန်သည်။
"ဟေ့ကောင် ဂျောင်ကု ဘာဖြစ်နေတာလဲ မင်း နက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မယ် ဖင်တကြွကြွနဲ့ဂနာကိုမငြိမ်ဘူး"
မဏ္ဍုပ်ဆောက်သည့်နေရာတွင် ညွှန်ကြားနေသည့် ဟိုဆော့က ဆိုင်ကယ်ထုတ်လိုက်၊စက်ဘီးထုတ်လိုက်နှင့် အလုပ်ရှုပ်နေသော ဂျောင်ကုကို အမြင်ပြင်းကတ်၍လှမ်းအော်လေသည်။
"ကျွန်တော့်ကိုကို့ ကိုသွားကြိုမို့ ဆိုင်ကယ်ထုတ်နေတာ အစ်ကိုလတ်ဆော့ကီတို့မဏ္ဍုပ်ကြီးက ခံနေတာကိုဗျ ထုတ်မရတော့ဘူး"
"ဘာ အစ်ကိုလတ်ဆော့ကီတို့ မဏ္ဍုပ်လဲ..မင်းမနက်ဖြန်နံ့ကြောထ ပြီးမင်္ဂလာဆောင်ဖို့အတွက် ဆောက်နေတာလေ...ငါလုပ်လိုက်ရင် သေတော့မယ်"
ပါးစပ်ကပြောလည်းပြော တွေ့ရာပစ္စည်းတွေနဲ့ ပစ်ပေါက်နေသည့် ဟိုဆော့ကြောင့် ဂျောင်ကုလျှာတစ်လစ် ထုတ်ပြကာ စက်ဘီးယူစီး၍ အမြန်ပင်နင်းလာခဲ့တော့သည်။
ဟွန်း....ပြီးမှ အစ်ကိုလတ်ဆော့ကီကို ကိုကိုနဲ့တိုင်ပြောအုံးမယ်
᯾᯾᯾᯾
"ကိုကိုရယ် သိလားဗျာ အဲ့အစ်ကိုလတ်ဆော့ကီက ကျွန်တော့်ကိုဆို ပြောဖို့ကြီးပဲ"
"ဂျောင်ကုကလည်းအပြောလွတ်အောင်မှ မနေပဲ ကလေးမဟုတ်တော့ဘူးနော် နက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မယ်"
"သိပါတယ်ဗျ နက်ဖြန်ကိုကိုနဲ့ကျွန်တော်လက်ထက်ပြီး ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တော့မယ်ဆိုတာ"
သူ့ကိုကျောင်းမှကြိုပြီးဝင့်ဝင့်ထည်ထည်နှင့် ဂုဏ်ယူစွာ ပြောကာ စက်ဘီးကိုအသော့နှင်နေသော ဂျောင်ကုနောက်မှ ဆော့ဂျင်လိုက်ပါလာခဲ့ရင်း ရွှင်လန်းတောက်ပစွာ ပြုံးမိသည်။