Zawgyi
ထယ်ယောင်းဒီနေ့ လုပ်ငန်းရှင်တစ်ဦးနဲ့တွေ့ဖို့ ဆိုင်တစ်ဆိုင်ကိုလာခဲ့သည်။ လုပ်ငန်းရှင်နဲ့ ပူပေါင်းမှုကိစ္စစကားပြောနေတုန်း ဆိုင်ရဲ့VIP roomထဲကနေရိုနာဒေါသတကြီးထွက်သွားတာကိုလစ်ခနဲမြင်လိုက်ရသောကြောင့် အာရုံတချို့ကိုအဲ့ဘက်ပို့လိုက်သည်။
ခနကြာတော့ထိုအခန်းထဲကနေယောက်ျားတစ်ယောက်ထွက်လာလေသည်။ သေချာကြည့်မိတော့မှ မောင်...
မောင်နဲ့ရိုနာကဘယ်လိုဖြစ်လို့....?"ခနနော် ကျွန်တော်အသိတစ်ယောက်ကိုတွေ့လိုက်လို့"
"ရပါတယ် Ms.Kim..သွားပါခဗျ ကိစ္စမရှိပါဘူး"
"ဟုတ်ကဲ့.."
ထယ်ယောင်းထိုလူကို အရိုအသေတစ်ချက်ပေးကာ မောင့်နောက်အမြန်လိုက်သွားလိုက်သည်။
ကားပါကင်ရောက်တော့ မောင့်နောက်ကိုအမှီလိုက်ကာ လက်ကိုလှမ်းဆွဲလိုက်သည်။
"ယောင်း.."
မောင့်ခေါ်သံကိုအရေးမစိုက်သေးဘဲ ကားနားဆွဲခေါ်သွားကာ ကားထဲဝင်စေသည်။
"စောင့်နှင့်နေဦးမောင်..အလုပ်ကိစ္စပီးရင်ပြန်လာခဲ့မယ်"
ထယ်ယောင်းပြန်ထွက်သွားတော့ ဂျောင်ကုစကားနားထောင်စွာပင် ကားပေါ်ငြိမ်ငြိမ်လေးထိုင်စောင့်နေလိုက်သည်။
ထယ်ယောင်းအလုပ်ကိစ္စကိုအမြန်အပြီးဖျက်ပြီး မောင့်ဆီပြန်လာရသည်။ ကားပေါ်ရောက်တော့မောင်ဟာ ဘာမှမဖြစ်သလိုပင်သွေးအေးလျက်..
"ခုနကထွက်သွားတာ ရိုနာမလားမောင်"
"အင်း..."
"သူ..."
"သူသိနေတယ်.."
"ဟမ်..အဲ့တာ သူကမောင့်ကို...."
"အဆက်သွယ်ဖျက်ဖို့ ငွေလိုရင်လိုသလောက်ပေးဖို့ဘာညာပေါ့..ဇာတ်ကားတွေထဲကအတိုင်းပဲ"
"မောင်ကဘာပြန်ပြောလိုက်လဲ.."
"မောင်ကယောင်းနဲ့မှမခွဲနိုင်တာ..ငွေတွေကဘာလုပ်ရမှာလဲ အတင်းအကျပ်လုပ်လာရင်တော့ သူပေးတဲ့ငွေတွေယူပြီးယောင်းကိုခိုးပြေးရုံပဲ..ယောင်းလိုက်မယ်ဆိုရင်ပေါ့"
YOU ARE READING
INFIDELITY
Fanfiction"ငါတို့တွေမှားနေတယ်လို့..မထင်ဘူးလားဂျောင်ကု" "အင်း..အဲ့တာကြာင့်မှားလက်စနဲ့ဆက်မှားကြရအောင်" ⚠️ဝါးနင်း!! By_Kim Mari