Part-16

299 37 32
                                    

Zawgyi

"ယောင်း..ယောင်း"

"...."

"ယောင်း!"

"ဟမ်..အင်းမောင်"

"ဘာတွေတွေးနေတာလဲ..မောင်ခေါ်နေတာအကြာကြီး"

"ဘာ..ဘာမှမဟုတ်ပါဘူး အလုပ်ကိစ္စလေးတွေးမိသွားလို့ပါ"

ထယ်ယောင်းဟာ အခုတလောတမှိုင်မှိုင်ရယ်..သူ့နားမှာနေရတာအရင်လို ပျော်ပုံမမြင်ရတော့သလို အာရုံတွေကလည်း သူ့ဆီမှာရှိမနေ...

ဘာတြွေဖစ်နေလဲတော့မသိပေမယ့် အသိစိတ်သေးသေးလေးထဲကတော့ထင့်ထင့်ငေါ့ငေါ့ရယ်...

အလုပ်တွေရှုပ်နေတယ်လို့သာ တွေးထားလိုက်တော့သည်။
_,_,_,_,_,_,_,_,_,

ဂျောင်ကုလက်တွေဟာဖုန်း sceneထက်ပြေးလွှားလျက်..

*ယောင်း..အခုဘယ်မှာလဲ*

ပို့ထားတဲ့စာလေးဟာ အတော်ကြာသည်ထိဖြေဆိုသူကင်းမဲ့လျက်...

အခုတလော ထယ်ယောင်းသူ့အပေါ်တအားစိမ်ကားနေသယောင်ရှိသည်။ ကုမ္ပဏီသွားရင်လည်းသိပ်မတွေ့ရတော့သလို ဖုန်းဆက်ရင်လည်းကိုင်တာကရှားသည့်အပြင် massageပို့ရင်လည်းနောက်နေ့လောက်မြှပန်တတ်သည်။

ဂျောင်ကုရင်မောစွာ ဖုန်းနံပါတ်လေးကိုခေါ်လိုက်တော့လည်း တဖက်ဖုန်းဟာကိုင်သူမရှိ...

နေ့လည်12နာရီလည်းထိုးပြီမို့ ယောင်းအတွက်ချက်ထားတဲ့ထမင်းဘူးကိုယူကာ ယောင်းဆီထွက်လာခဲ့သည်။

ယောင်းရုံးခန်းရှေ့ရောက်တော့ ယောင်းမန်နေဂျာဆိုသူဟာရှိမနေပါ..ထို့ကြောင့် ဖွင့်ထားတဲ့တံခါးကိုအသာဟလိုက်တော့..

"လွမ်းနေတော့မှာပဲ.."

"ကျန်းမာရေးသာဂရုစိုက်..ခနလေးပဲပြန်လာပြီးတော့ ပြန်သွားတော့မှာလား.."

ယောင်းနဲ့ပွေ့ဖက်ကာ လွမ်းကြောင်းတွေပြောနေတဲ့သူနဲ့အသက်အရွယ်တူပုံရသော ခပ်ချောချောယောက်ျားတစ်ယောက်..

ထိုယောက်ျားဟာ ထယ်ယောင်းခါးကိုဖက်ကာ အတော်အတန်ကြာပြုံး၍စိုက်ကြည့်နေသည့်အတွက် ဂျောင်ကု မျက်ခုံးတွေထိလုမတတ်ကျုံ့လာရတော့သည်။

INFIDELITYDonde viven las historias. Descúbrelo ahora