Part.12

375 38 23
                                    

Zawgyi

အေးစိမ့်စိမ့်မနက်ခင်၌ လူတစ်ယောက်၏ရင်ခွင်ထဲနွေးထွေးစွာနိုးလာသည့်ခံစားချက်...

အဖြူရောင်စောင်တစ်ထည်အတွင်း အဝတ်မကပ်တဲ့ခန္တာကိုယ်နှစ်ခုဟာ ထိကပ်လျက်အနွေးဓာတ်ဝေမျှနေသည်။
မျက်လုံးတွေကိုဖွင့်ကာ ရင်ခွင်ထဲကနေ အရှေ့ကလူသားရဲ့မျက်နှာချောချောကိုမော့ကြည့်ပြီး ရင်ထဲကတလှပ်လှပ်ခံစားချက်နဲ့အတူ ခပ်ဖွဖွပြုံးမိသည်။

အတွေးတွေကတော့ ညကချစ်စရာဖြစ်ရပ်လေးဆီ...

"ကျွန်တော်..ယောင်းကိုချစ်တယ်..."

ဂျောင်ကုစကားအဆုံး ထယ်ယောင်းအတန်ကြာသည်ထိဘာမှမတုံ့ပြန်နိုင်ခဲ့...
ဂျောင်ကုရဲ့ မျှော်လင့်ချက်အရောင်လဲ့နေသော မျက်လုံးလေးတွေဟာ မှေးမှိန်စပြုလာလေသည်။

"ရပါတယ်..ပြန်ဖြေစရာမလိုပါဘူး ကျွန်တော်ချစ်တာကိုပဲ သိထားရင်ရ-အွန့်"

ထယ်ယောင်းပြောတာကိုမစောင့်ဘဲ ဒရမ်မာခင်နေသူရဲ့မျက်နှာကိုဆွဲယူကာ စကားသံတွေထွက်လာရာနှုတ်ခမ်းခပ်ပါးပါးတို့ကို ပိတ်စို့ပစ်လိုက်သည်။

ခနအကြာပြန်ခွာပြီး သူ့မျက်လုံးတွေကိုကြည့်ကာ..

"ငါလည်း...မင်းကိုချစ်တယ်ထင်တယ်
ဒီလိုမျိုးခံစားမိတာ မင်းနဲ့မှပထမဆုံးဘဲ"

နှုတ်ခမ်းပါးပါးလေးတွေဟာ ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးလာခဲ့သည်။

ရင်ခွင်ထဲနစ်နေအောင်တိုးဝင်ရင်း ဖြစ်နေတဲ့ပြဿနာတွေကိုမေ့ကာ ပထမဆုံးနှလုံးသားကိုဦးစားပေးမိသည်။ မင်းဟာလေ ငါ့ရဲ့ပထမဆုံးတွေအားလုံးကိုယူသွားခဲ့တာ...

အတွေးနဲ့အတူ ပြုံးကာ အိပ်ပျော်နေသည့်လူသား၏ မို့ဖောင်းနေသောခပ်ကျယ်ကျယ်ရင်အုပ်ပေါ်ကို နှုတ်ခမ်းနှင့်တဖွဖွထိတွေ့ကာ တရွရွလိုက်နမ်းမိသည်။

"သဘောကျလား..."

ရုတ်တရက်ကြီးထွက်လာတဲ့အသံကြောင့် ထယ်ယောင်းခေါင်းကိုရင်ဘတ်ပေါ်ကဖယ်ပြီး မော့ကြည့်လိုက်တော့ သူ့အားရွှင်ရွှင်ဆာဆာစိုက်ကြည့်နေသူကြောင့် ပါးနှစ်ဖက်ဟာရဲခနဲ...

INFIDELITYDove le storie prendono vita. Scoprilo ora