ဟီဆွန်း မနက်စာစားရင်း မနေ့ကအကြောင်းတွေ ပြန်စဉ်းစားမိသည်။ နီခီပြောခဲ့တဲ့အကြောင်းတွေပေါ့။ နီခီက ဆောနူကို ilandထဲက သံယောဇဉ်တွယ်ခဲ့ပြီး debut ခါစတည်းက တပူးပူးတတွတွဲရှိခဲ့ပေမယ့် နောက်ပိုင်း သိပ်မကပ်တော့ဘဲ ဂျိတ်နားပဲ နေနေတာက ဆောနူကို သဘောကျမိသွားလို့တဲ့လေ။
ဒီကလေးနှစ်ယောက် စကားများကြပြီး အခန့်မသင့်လို့ မခေါ်ကြ မပြောကြဘူးထင်နေခဲ့တာ။ နီခီက သူ ဆောနူကို သဘောကျမှန်း သိကတည်းက စိတ်မလုံလို့ အနားမှာ သိပ်မတွေ့ရတော့တာ။ ဒါကို ဆောနူကလည်း အသက်အရွယ်ကြီးလာလို့ အနေဝေးလာတယ်ထင်နေခဲ့တာတဲ့။
ဆောနူအနေနဲ့ နီခီ့ကို ညီလေးလို ချစ်တဲ့အကြောင်း၊ သူ့ကို သဘောကျနေတဲ့စိတ်ကလည်း အချိန်တစ်ခုကြာလာရင် အဆင်ပြေသွားမယ့်အကြောင်း၊ သူ့ကိုသဘောကျခဲ့မိတာ နားလည်တယ် ဆိုတဲ့အကြောင်းတွေကို ဆောနူက ပြန်ရှင်းပြတော့ နီခီက ငိုရင်းနဲ့ ဆောနူကို ဖက်ရင်း ကျေးဇူးတင်စကားပြောခဲ့တာ။
နီခီက ဆောနူကို ဖွင့်ပြောလိုက်ရင် ပိုဝေးသွားမယ်ထင်ခဲ့ပေမယ့် နားလည်ပေးလို့ ဖက်ရင်း ငိုနေခဲ့တာ။ ဒါကို မနေ့က ပတ်ဆောင်းဟွန်းမြင်ပြီး ဘယ်လို သဘောပေါက်သွားလဲ မသိဘူး။ သူတို့နှစ်ယောက်ရော ခုချိန် အဆင်မှ ပြေရဲ့လား။
မနက်စာစားတဲ့ အခန်းကို ဂျောင်၀န်းနီးနဲ့ ဂျေးရောက်လာပြီး မကြာ ဆောင်းဟွန်းနဲ့ ဆောနူလည်းရောက်လာသည်။ ဂျောင်၀န်းနီးက နီခီနဲ့ ဂျိတ်က အခန်းထဲပဲ မနက်စာ မှာစားတော့မယ် ဆိုတဲ့အကြောင်း ပြောလာသည်။ ဂျောင်း၀န်း သူ့ရှေ့က ဆောနူဟျောင်းကိုကြည့်မိတော့ ရုပ်က ရှက်ကိုးရှက်ကန်းနဲ့ ဆောင်းဟွန်းဟျောင်း ရုပ်ကလည်း ရီချင်တာကို ထိန်းထားတဲ့ ရုပ်ဖြစ်နေတာကို တွေ့လိုက်ရတော့
"ဆောနူဟျောင်း ဘာဖြစ်နေတာလဲဟင် မနက်စာစားနေတာကို ပန်းကန်မကြည့်ဘဲ အောက်ကိုပဲငုံ့ကြည့်နေတာ အောက်မှာဘာရှိလို့လဲ "
"ဟင်....အင်း ဂျောင်း၀န်းနီး ဘာမှမဟုတ်ဘူး အတွေးလွန်နေလို့ပါ "
" ဟျောင်းပုံစံက အတွေးလွန်တဲ့ ပုံမဟုတ်ပါဘူး တစ်ခုခုကို ရှက်နေသလိုကြီး "