Chapter - 6

282 22 4
                                    

Note : အရှေ့က "ရှင်းဟာယွန်း" ဆိုတဲ့နာမည်လေးကို "ဆောဟာယွန်း"လို့ပြောင်းထားပါတယ်ရှင့်

ဆောဟာယွန်း အခန်းထဲက ထွက်သွားတဲ့ ကောင်လေးနှစ်ယောက်ကို ကြည့်ရင်း ' ဘာပါလိမ့် ဒီလိုမျိုး အချစ်လေပြည်တွေပျံ့နေသလို ခံစားချက်မျိုး' ဆောဟာယွန်းက ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီး
" မင်းတို့ စုံစမ်းပေးရမယ့် ကိစ္စတစ်ခုရှိတယ်"





Time skip

' ‌ဆောင်းဟွန်းဟျောင်း ခါးကိုဖက်ထားတာလေး နည်းနည်းလွှတ်ပေးဦး ဟျောင်းဘက်ကို လှည့်ချင်လို့ '
' ကိုယ်ပဲလှည့်ပေးလိုက်ပြီဗျာ ' လို့ပြောပြီး ဆောနူ ကိုယ်ကို တစ်ဖက်လှည့်ပြီး ခါးကနေ ပြန်ပြီး တင်းတင်းဖက်ထားသည်။
' ဟျောင်း လုပ်လိုက်ရင် အတင်းပဲ '
‌‌ဆောင်းဟွန်းက ဘာမှမပြောဘဲ ‌‌ဆောနူ မျက်နှာ အနှံ့ကို လိုက်နမ်းနေသည်။

ထို့နောက် ဆောင်းဟွန်းက
" ဆောနူ ဘာကိစ္စပဲရှိရှိ ကိုယ့်ကို‌ ပြောပြရမယ်နော် မဟုတ်ရင် ကိုယ်စိတ်ဆိုးမိလိမ့်မယ်နော် "
"အင်းပါ ဆောနူ ပြောပြပါမယ် ကတိပေးတယ်"
"ဒါဆို ကတိသက်သေလုပ်ရလိမ့်မယ် "
ဆောနူက ရယ်မောကာ
" ဘာလဲ ကလေးတွေလို လက်သည်းချင်း ချိတ်.....အွန်း...."

ဆောင်းဟွန်းရဲ့ ရုတ်တရက်အနမ်းကြောင့် ဆောနူ လန့်သွားကာ ဆောင်းဟွန်းကို ပုခုံးကိုတွန်းပေမယ့်လည်း မလွှတ်ပေးတဲ့ အပြင် အနမ်းတွေက ပိုမိုကြမ်းတမ်းလာပြီး ခါးကိုဖက်ထားတဲ့လက်ကလည်း ပိုမို တင်းကြပ်သွားသည်။ အောက်နှုတ်ခမ်း အကိုက်ခံရပြီးနောက် ခပ်ချဉ်ချဉ်အရသာကို ခံစားမိလိုက်သောကြောင့် ဆောနူ နှုတ်ခမ်း ပေါက်သွားပြီ ဆိုတာကို သိလိုက်ရသည်။ အတွေးမဆုံးခင် ဆောင်းဟွန်းလက်က ဆောနူ ဂုတ်ပိုးကိုကိုင်ကာ ပိုမို ပြင်းရှသော အနမ်းများပေးကာ ဆောနူ နှုတ်ခမ်းတွေ နာကျင်တဲ့အထိ မရပ်မနား အနမ်းခံခဲ့ရသည်။

ဆောနူက ဆောင်းဟွန်း ချမှတ်ထားတဲ့ ကတိသက်သေဆိုတာကို ဒီတစ်ခါတော့ တော်တော်ကြောက်မိသွားသည်။ အခက်မသင့်ရင် ဆောနူအသက်ရှုကြပ်တော့မလို့။







ဒီနေ့ ဆောနူတို့ album အသစ်အတွက် dance practice ရိုက်ရန်အတွက် အခန်းထဲမှာလူစုနေခြင်းဖြစ်သည်။ အကဆရာမက အရှေ့ကနေ ဆောနူတို့ကတာကို သေချာကြည့်နေကာ လိုအပ်သည်များကို ပြောပြနေသည်။

Step by Step Where stories live. Discover now