Chapter -4

281 20 5
                                    

Tokyo မြို့ရဲ့ မြို့လယ်ခေါင် တစ်နေရာတွင် ဆောင်းဟွန်းတစ်ယောက် လမ်းလျှောက်ရင်းစဉ်းစားခန်းဖွင့်လို့နေသည်။

     အစကတည်းက ဆောင်းဟွန်းနဲ့ ဆောနူက စားသောက်ဆိုင် တစ်ဆိုင်မှာ dateကြမယ်။ ပြီးရင် Tokyo မြို့ရဲ့ လှတဲ့နေရာတွေကို လမ်းလျှောက်ပြီး ဓာတ်ပုံတွေရိုက်ပြီးရင် Hot springs မှာ သေချာအနားယူကြမယ်လို့ စီစဉ်ထားခဲ့ကြတာ။

      အခုတော့ ယန်းဂျောင်း၀န်းနဲ့ ပတ်ဂျေးကြောင့် သူတို့အစီအစဉ်တွေလည်း ပျက်ပြီ ထင်ပါရဲ့။
ဂျောင်၀န်းက စာ‌းသောက်ဆိုင်မှာ မစားဘဲ လမ်းလျှောက်ရင်း street foodတွေဘဲ စားကြရအောင်ဆိုတဲ့အတွက် ဆောနူနဲ့ဂျောင်၀န်းက တစ်တွဲ‌ေရှ့ကနေလျှောက်ပြီး ဂျေးနဲ့ ဆောင်းဟွန်းက တစ်တွဲ နောက်ကနေ လိုက်ရင်း Tokyo မြို့ကို ပတ်နေကြတယ်။ ဓာတ်ပုံတွေလည်း ရိုက်ရင်းပေါ့။

      
ဆောင်းဟွန်းက film camera ‌ေလး လက်ကကိုင်ရင်း သူ့ရဲ့ချစ်သူ ဆောနူရဲ့ ပြုံးနေတဲ့ ပုံလေးတွေကို အမိအရ ဖမ်းယူနေလေရဲ့။ ပြီးနောက် သူ့ဘေးက ဂျေးကို
          " မင်း ငါ့ကို တစ်ခုကူညီပေးပါလား "
          " ဘာ အကူအညီလဲ "
         " ငါခဏနေ အဆင်ပြေတဲ့အချိန် ဆောနူကို တစ်ခုခုစားရအောင် ခေါ်သွားမယ် မင်းက ဂေ‌ျာင်၀န်းနီး လိုက်မလာအောင် ဆွဲထားပေး ။ Hot springs နေရာကျမှ စုံကြရအောင် ။ ငါ ဘိုကင်ယူထားတဲ့ location နဲ့အချိန် ပို့လိုက်မယ် "

         " Okလေ ရတယ် ငါလည်း ဂျောင်၀န်းနီးနဲ့ပဲ လည်ချင်တာနဲ့ အတော်ပဲ "

 

  ဆောနူနဲ့ ဂျောင်၀န်း street foodတွေ ပတ်စားရင်း ဗိုက်နည်းနည်း တင်းလာပြီမို့ ရှုခင်းတွေပဲ ကြည့်ဖို့ ပြင်ဆင်နေတုန်း နောက်က ဆောင်းဟွန်းက ဆောနူလက်ကိုဆွဲရင်း

         " ‌ဆောနူလေး ဟိုနားက Tanghulu ထင်တယ် အဲ့တာလေး သွား၀ယ်ရအောင် လာ " လို့ပြောတော့
ဆောနူက ဂျောင်း၀န်းနီးကို လှမ်းကြည့်လိုက်ကာဂျေ‌းဟျောင်းက ဂျောင်၀န်းနီးကို အတင်းဆွဲခေါ်ထားတာကို တွေးလိုက်ရတယ်။

        ဆောင်းဟွန်းဟျောင်းက ဆောနူ လက်ကိုဆွဲကာ ပြေးနေရင်း " ကိုယ်နဲ့နှစ်ယောက်တည်း လျှောက်သွားရအောင် " လို့ ဆိုလိုက်တဲ့အခါ ဆောနူ မျက်နှာမှာ အပြုံးနုနုလေးထွက်ပေါ်လာသည်။ သူလည်း သူ့ကိုကိုနဲ့ နှစ်ယောက်တည်း လျှောက်သွားချင်တာ ကြာပြီလေ။ စိတ်ထဲကနေ တောင်းပန်ပါတယ် ဂျောင်၀န်းနီးရေ လို့လည်း ဆိုနေလေသည်။ ဂျောင်၀န်းနီးက ဆောင်းဟွန်းဟျောင်း လာခေါ်ရင် လိုက်မသွားနဲ့ဆိုတဲ့ ကတိကိုတောင်းထားတာကိုး။

Step by Step Where stories live. Discover now