Chapter -5

271 22 2
                                    

       HYBE entertainment အဆောက်အဦးအတွင်းမှာရှိတဲ့ အခန်းတစ်ခုထဲမှာ ဆောနူ မျက်နှာလေးက ဟိုကြည့် ဒီကြည့်လေးဖြင့် သူ့အ၀တ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းနေသည်။

        ရုတ်တရက် ဆောင်းဟွန်းက  တံခါးကို ဝုန်းကနဲ ဆွဲဖွင့်ကာ ဒေါသတကြီးနဲ့ ဆောနူ ပုခုံးကိုကိုင်ရင်း
           " ကင်‌ဆောနူ အဲ့ဒါဘာလုပ်နေတာလဲ ဘာမှ သိမ်းစရာမလိုဘူးနော် ဘယ်အခန်းမှလည်း ပြောင်းစရာမလိုဘူး ကိုယ်နဲ့ပဲ အတူတူနေရမယ် "

          " ဟျောင်း... လာ အနားနားတိုးဦး အဲ့ဒါကြောင့် ခုနတည်းက လာခဲ့ပါဦးဆိုနေ သူပဲပျောက်နေပြီးတော့... ဆောနူရှင်းပြမယ် "

         ဆောင်းဟွန်းကို ဆောနူကရှင်းပြလိုက်တာတောင် ဆောင်းဟွန်းမျက်နှာက စူပုပ်ပုပ်နဲ့သိပ်မကျေနပ်ချင်။ ဒါပေမယ့်လည်း ခုအ‌‌ေခြအ‌ေနမှာ အကောင်းဆုံးက ဒီတစ်ခုပဲရှိတော့တာမို့။

         Company က ဆောနူတို့ တွဲနေကြပြီကိုမသိဘဲ ဆောနူတို့နှစ်ယောက်  ငယ်ရွယ်တဲ့အချိန် စိတ်မကစားမိအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ  roommate တွေပြန်ခွဲခိုင်းလေရဲ့။ ဆောနူလည်း ကြံရာမရတာနဲ့ ဂျိတ်ဟျောင်းနဲ့အခန်းလဲသလို ဟန်ဆောင်ပြီး နေ့ဘက်ဆို ဂျေးဟျောင်းနဲ့နေပြီး ညဘက်ဆို ဆောင်းဟွန်းဟျောင်းနဲ့ ပြန်လာနေမယ်ဆိုတဲ့  ဂျောင်၀န်းနီး အစီအစဉ်ကိုပဲ လက်ခံလိုက်ရတယ်။

           ဆောနူကလည်း ဆောင်းဟွန်းရင်ခွင်ထဲမှာ မဟုတ်ရင် မအိပ်တတ်သလို ဆောင်းဟွန်းကလည်း ‌ဆောနူကို ဖက်မထားရရင် မအိပ်တတ်ကြတော့တာကိုး။ ဆောနူက ဆောင်းဟွန်းဟျောင်းကို လေသံတိုးတိုးလေးနဲ့
        " ဟျောင်း ကျွန်တော်အထုပ်သွားထားလိုက်ဦးမယ်နော် ဟန်မပျက်ဘဲ နေနေဦး ညကျပြန်လာခဲ့မယ်"

               ဆောင်းဟွန်း ဆောနူခေါင်းလေးကို လက်ကလေးနဲ့ဖွရင်း ခေါင်းညိတ်ပြလိုက်တယ်။ ရှေ့ဆက်လျှောက်ရမယ့် အချစ်ခရီးလမ်းကတော့ ရင်လေးစရာပါပဲ။ သူတို့အကြောင်းကို မန်ဘာတွေကလွဲရင် ကျန်တဲ့ မန်နေဂျာအစ်ကိုတောင် မသိကြဘူး။ မန်ဘာတွေတောင်မှ သူတို့ကူညီမှဖြစ်မှာမို့ ပြောပြလိုက်ရတာ။
     
ဆောင်းဟွန်း အတွေးထဲမှာ ဖြစ်ပျက်ခဲ့သမျှက်ု ပြန်စဉ်းစားမိနေတယ်။

Step by Step Where stories live. Discover now