' အဲ့ည အဲ့ညက ဆောင်ဟွန်းဟျောင်းရဲ့လက်ကို မိအောင် ဆွဲထားခဲ့ရမှာ မဟုတ်ရင် ဒီအခြေအနေထိရောက်လာမှာမဟုတ်ဘူး ခုတော့ ဘယ်လိုလုပ်ရပါ့မလဲ '
ဆောနူစဉ်းစားနေတုန်း ရေကျသံလည်းရပ်သွားကာ ဟီဆွန်းဟျောင်းလည်း အခန်းထဲက ထွက်လာသည်။ ဟီဆွန်းဟျောင်းက စကားတစ်ခွန်းမှမပြောဘဲ လုပ်စရာရှိတာတွေသာ လုပ်နေတုန်းမို့လို့ ဆောနူ စိတ်မရှည်စွာ
" ဟီဆွန်းဟျောင်း ပြောစရာရှိလို့ဆို ၊ပြောပါဦး ဆောင်းဟွန်းဟျောင်းက ဟျောင်းကိုဘာေတွမှာလိုက်သေးလဲ "ဟုဆိုတကာ အပြုံးနုနုလေး မျက်နှာမှာချိတ်ဆွဲရင်း မေးလိုက်သည်။ဟီဆွန်းဟျောင်းက မျက်ခုံးတစ်ဖက်ပင့်ရင်း
" မင်း ဆောင်းဟွန်း အစီအစဉ်ကို သိပြီးသားဖြစ်မယ်မှန်း ဟျောင်းရိပ်မိပြီးသားပါ ဆောင်းဟွန်းက
ဂျိတ်ကို အကြံလာတောင်းတုန်းက ဖွင့်ပြောဖို့ အကြံပေးခိုင်းလိုက်တာ ဆောနူပဲမလား "
" ဟုတ်တယ် ဟျောင်း ဆောငိးဟွန်းဟျောင်းနဲ့ ကျွန်တော့်ရဲ့ မပွင့်မလင်း မထိတထိ ဆက်ဆံရေး
ကနေ တဆင့်တက်ချင်တယ် ဟျောင်း "
" အင်း ဟျောင်း ဆောနူကို နားလည်ပါတယ် ခုမင်းတို့နှစ်ယောက် အခြေအနေကနေ တဆင့်တက်သွားရင် ရင်ဆိုင်ရမယ့် အခက်အခဲအတွက် ကြိုတွေးထားဖို့လိုတယ်နော် ပြီးတော့ fanတွေအတွက်ရော စဉ်းစားရမယ် "" ကျွန်တော်အကုန်စဉ်းစားထားပြီးသား
ဟျောင်း engene တွေကလည်း ကျွန်တော်တို့ကို နားလည်ပေးနိုင်မယ်ထင်တယ် ပြီးတော့ ချက်ချင်းကြီး အတိအလင်း ကြေငြာမှာလည်း မဟုတ်သေးဘူးလေ ပြီးတော့ ကျွန်တော်က ဆောင်းဟွန်းဟျောင်းအတွက် ဘာမဆို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးသား" ဟု ခေါင်းလေးငုံ့ရင်း အရှက်သည်းစွာ ပြောလာလေရဲ့...ဟီဆွန်းက ခေါင်း တငြိမ့်ငြိမ့်နဲ့
" ဆောနူလေးတောင် တော်တော် ကြီးလာပြီပဲ အချစ်အတွက် ရင်ဆိုင်မယ်တွေတောင် ဖြစ်နေပြီနော် "ဟု ဆိုသော် ဆောနူက နားရွက်ဖျားလေးတွေနီလျက် ပြုံးနေခဲ့တယ်
ထိုစဉ်
"ဒေါက်... ဒေါက်... ဒေါက်..."
"ဂျိတ်ထင်တာပဲ သူလာမယ်ပြောထားတယ် ဟျောင်းသွားဖွင့်ပေးလိုက်ဦးမယ် "
"ဟုတ် ဟျောင်း "
![](https://img.wattpad.com/cover/354882221-288-k762846.jpg)