❤️အချစ်ကညှို့တယ်❤️{Part--61}
********❤️*********" ကိုကို ဟင့် ကိုကို "
" မိန့်လေး…နိုးလာပြီလား ဖြည်းဖြည်းထပါ ကွာ "
" အင့် ကိုကိုကောဟင် "
" ခုမှ…ကိုကိုလုပ်နေတယ် ဟုတ်လား "
မျက်စိနှစ်လုံးပွင့်တာနဲ့ မေးတာက သူ့ကိုကို !
နဂိုရ်စိတ်ကြီးတတ်သည့် သားခန့်က အပြောတစ်စက်မှ မငြင်သာ။
" မိန့်လေး ကိုကိုက ဆေးရုံသွားလိုက်ပြီလေ !
လာ ထ … ရေချိုးပေးမယ်နော် လိမ္မာတယ် ပိစိလေးက "" ဟင့်အင်း…!
ကိုကိုချိုးပေးလိမ့်မယ် ကိုကို မျက်နှာသစ်ပေးမှာ
သွားတိုက်ပေးမှာ…ကိုကို ဟင့် ကိုကို ဘယ်မှာလဲလို့ "" မိန့်လေး မိန့်လေး ဟာ "
" ကျစ်…ခုမှ ကိုကို ကိုကို ဖြစ်နေတယ် တောက် "
" သားခန့််ရယ်… မပြောပါနဲ့ကွာ "
ကိုကိုဘယ်မှာလဲဆိုပြီး တဂျီဂျီတလို့ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာနေရှာသည့် မိန့် အဖြစ်က အရူးလေးလိုပါပဲ။
မြင်သူတိုင်းကို စိတ်မချမ်းမြေ့စရာ ဖြစ်စေခဲ့တာပင်။
" ကိုကို ကော ဟင် "
" ကလေးရယ်…ကလေးရဲ့ကိုကိုက အရေးကြီးလူနာရှိလို့
ဆေးရုံသွားလိုက်ပြီလေ !
မျက်နှာသစ်ရအောင်နော် လာပါ လိမ္မာတဲ့ကလေးလေးက
ပြောစကား နားထောင်ရတယ် "" အဟင့် ဟင့် အီး ဟီး ဟီး ကိုကိုက ထားသွားပြီ
ဟင့် ထားသွား ပြီ အင့် ဟင့် "ဒီပါ မှာလည်း ချော့သာချော့ရတာ မိမိပါ ရောငိုချင်နေပါပြီ။
ဒေါသသာထွက် နေရပေမယ့် သားခန့်တစ်ယောက်ဟာလည်း အံကြိတ်လို့ မျက်ရည်ဝဲနေခဲ့ပါ၏။
" လာ "
လာဆိုပြီး ဦးလေးဖြစ်သူကို ကလေးလေးလို ပွေ့ချီသွားပြီး
ရေချိုး အဝတ်အစားလဲပေးနေသည့် သားခန့်။" သားခန့်လေး…ကိုကိုကောဟင် "
" လေးငယ်…!
မနေ့က ဘာတွေဖြစ်ခဲ့လဲ မမှတ်မိတော့ဘူးလား ဟင် "
YOU ARE READING
♥️ အချစ်ကညှို့တယ် ♥️
Romanceမိန့်သာအလိုရှိရင် ဘာမဆို ကိုယ်ဖန်တီးပေးဖို့ အသင့်ပဲ ကိုယ့်ကိုလက်ခံပေးလိုက်ရလို့ မိန့် တစ်ဘဝလုံး နောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံတယ် ( စည်းစိမ်ခမ်းနား ) မိန့်က အချစ်ဆိုတာကို နားမလည်ဘူး အဲ့ဒါကြောင့် ... ( စဝ်မင်းမိန့်သခင် )