❤️ အချစ်ကညှို့တယ် ❤️ { Part--5 }
*********❤️*********တချို့ အရာတွေက မိန့် မတွေးထား မထင်ထားပါဘဲ မျက်လှည့် ဆန်ဆန် မိန့် ဘဝထဲ ရောက်ရှိလာခဲ့တယ်။
ခန့်မှန်းထားသလို ဖြစ်မလာပေမယ့် မခန့်မှန်းထားသလိုတော့ ဖြစ်တတ်တာ မိန့် ဘဝရဲ့ ကံစေရာပဲလား။
မိန့် နေကောင်းလာပြီးမှ သတိထားမိတာတစ်ခုက
ကိုကိုကြီးဟာ အရင်လို မိန့်အပေါ်ခက်ထန်နေတာမျိုး သိပ်မတွေ့ရတာပင်။ဒီနေ့တော့ အိမ်မှာလူစုံတက်စုံမို့ နေ့လယ်စာပြင်ဆင်ပေးပြီး
ပန်းခင်းထဲ လာကာ တချို့ အစာကျွေးသင့်တာကျွေး ရေ
လောင်း စသည်ဖြင့် မိန့် အလုပ်ရှုပ်နေမိတာ။အားလုံးပြီးစီးတော့ ဗိုက်လည်းဆာနေပြီမို့ ရေချိုးဖို့ အိမ်ဆီ
သွားရန် ခြေလှမ်းအလှည့်…" အင့် "
ခြေထောက်ခွေပြီး ယိုင်လဲမတတ်ဖြစ်ကာ ရင်ခွင်တစ်ခုထဲ
ပစ်ကျသွားခဲ့သည်မို့ အထိတ်တလန့် မော့ကြည့်မိတော့…" ဟင်…ဒေါက်တာ "
" သတိထားမှ ပေါ့ "
မိန့် ကို သေချာထိန်းမတ်ပေးကာ ထိုသို့ဆိုလာတဲ့ သူ၏ တန်ဖိုးကြီး longcoat တွင်တော့ မိန့် လက်မှ မြေဆီတွေက ပေသွားလေပြီ။
" ဟို…ဒေါက်တာ ! ကျနော် တောင်းပန်ပါတယ် "
" ရတယ်…သိပ်မပေပါဘူး "
ဘာမှမဖြစ်သလို သူက ပြောမှတော့ မိန့် လည်း အိမ်ထဲသာ
ဝင်လာခဲ့လိုက်သည်။နှုတ်လည်းမဆက် ဘာကြောင့်ရောက်လာတာလဲ မမေး။
မိန့် နှင့် မဆိုင်ဘူး မဟုတ်လား။
ထိုလူကြီးက မိန့် ဧည့်သည်မှ မဟုတ်တာ။ထွက်သွားသည့် ကျောပြင်ငယ်လေးကို အပြုံးတစ်ပွင့်ဖြင့်
ခပ်စူးစူးစိုက်ကြည့်နေခဲ့တယ်ဆိုတာကိုတော့ ကာယကံရှင်
လူသားလေးက မသိပါချေ။မိန့် ရေချိုးပြီး အဝတ်အစားလဲဝတ်နေတုန်းမှာပဲ သားငယ်လေး ကရောက်လာပြီး…
* ဒက်ဒီက သူ့စာကြည့်ခန်းထဲ လာခဲ့ဖို့ ပြောသည် * တဲ့ ။
ရင်ထဲ ဒိန်းခနဲနေအောင် လန့်ဖျန့်သွားမိ၏ ။
ESTÁS LEYENDO
♥️ အချစ်ကညှို့တယ် ♥️
Romanceမိန့်သာအလိုရှိရင် ဘာမဆို ကိုယ်ဖန်တီးပေးဖို့ အသင့်ပဲ ကိုယ့်ကိုလက်ခံပေးလိုက်ရလို့ မိန့် တစ်ဘဝလုံး နောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံတယ် ( စည်းစိမ်ခမ်းနား ) မိန့်က အချစ်ဆိုတာကို နားမလည်ဘူး အဲ့ဒါကြောင့် ... ( စဝ်မင်းမိန့်သခင် )