Part--11

1.5K 38 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--11}
*********❤️*******

ရက် ၂၀ ခန့် အကြာ။

" လေးငယ်ရေ …လေးငယ် "

ဒါကတော့ …ခုနောက်ပိုင်း * စဝ်စံမင်းခေါင် * စံအိမ်၏ နံနက်ခင်းတေးသံ
လိုတောင်ဖြစ်နေခဲ့တဲ့ တူသုံးယောက်မှ ဦးလေးဖြစ်သူအား နှိုးသည့်အသံတွေပင်။

ပါတီပွဲပြီးကတည်းက ညတိုင်း ဝိုင်သောက်ကာ မိုးလင်းရင် မထနိုင်တဲ့
လေးငယ်ကို ဒက်ဒီ မနိုးခင် အသည်းအသန်နှိုးရတာ သားခန့်တို့၏တာဝန်တစ်ခု။

breakfast ဝိုင်းမှာ လူအစုံရှိရမည်ဆိုသော ဒက်ဒီ၏ တစ်ချက်လွှတ်
အမိန့်ကြောင့် နေမကောင်းလို့ မထနိုင်သည်မှလွဲ၍ ကျိန်းသေလူစုံရသည်။

အရင်ကဆို နံနက် 7:00 ဆို မနက်စာအသင့်ဖြင့် တူတွေ ကျောင်းသွားဖို့ အလုပ်သွားဖို့ ထောင့်စေ့အောင် ပြင်ဆင်ပေး နေကြ လေးငယ်က
ခုဆိုလျှင်ဖြင့် တူတွေက ပြန်နှိုးနေရပြီး မျက်နှာသစ်ဖို့ အဝတ်လဲဖို့ ပါးစပ်ထဲ နံနက်စာအရောက် ပြန်လုပ်ပေးနေကြရတာ ထူးဆန်းမနေဘူးလား။

7:30 AM

သတိုး ကော်ဖီတစ်ငုံသောက်ရင်း မျက်ဝန်းထောင့်နေရာတွင် ခေါင်းငုံ့ကာ
မုန့်ဟင်းခါးစားနေသော ညီဖြစ်သူ မင်းမိန့်အား စိုက်ကြည့်နေမိသည်။

၁၃ နှစ်ကျော် မျက်နှာချင်းဆိုင်ဖို့မပြောနှင့် အရိပ်တောင်မမြင် စေရအောင် မိမိအလိုကျ နေပေးခဲ့သည့် ကလေး။

ခုနောက်ပိုင်း သားခမ်း၏ တောင်းဆိုမှုကြောင့်ကော မိမိသားတွေ၏
တောင်းဆိုမှုကြောင့်ပါ အတိတ်က နာကျင်စရာတွေကို ဘေးဖယ်ကာ အတ္တတွေကိုလျှော့လို့ ဒီကလေးကို အရင်လို
ထွေးပွေ့ပေးဖို့ ဆုံးဖြတ်ခဲ့တာ။

သတိုးကိုတော့ သေအောင်ကြောက်သည့် ဒီညီငယ်ဟာ ခုနောက်ပိုင်း ဟိုအရင်လို ဂျီကျတတ် ဆိုးတတ် လာသလိုလို။

ပါတီပြီးကတည်းကလည်း ညတိုင်းကိုဝိုင်သောက်လို့ ကလေးတွေကပင် ပြန်ထိန်းနေရသည့်အဖြစ် ။

မနက်ဆိုလည်း ဗြောင်းသတ်အောင် နှိုးလိုက်ရသည့် အနှိုး။

ပြေလျော့ပေးချင်ရင်တောင် တည်တင်းထားနိုင်မှ တော်ကာ
ကျမည့် ကလေး။

♥️ အချစ်ကညှို့တယ် ♥️Opowieści tętniące życiem. Odkryj je teraz