❤️အချစ်ကညှို့တယ်❤️{Part--67}
*******❤️*********စားပွဲပေါ်မှ ဖုန်းက အသံမြည်နေတာကို သတိမထားမိသည့်
သတိုးက တိမ်လွှာပြောမှသိကာ ဖုန်းကိုင်လိုက်၏။" Hello…"
" ………… "
" ဗျာ…ဟုတ်ပါတယ် !
ကျနော် သတိုးမင်းခေါင် ပါ … ဘယ်သူလဲ မသိဘူး ခင်ဗျ "" …………… "
" ဘာ…!! အ "
" ကိုကြီး "
" အကို "
" ဒက္ဒီ…ဒက္ဒီ "
💘💘💘💘💘💘💘💘💘
ဖုန်းပြောနေရင်း လက်ထဲက ဖုန်းလွတ်ကျကာ ယိမ်းယိုင်ပြိုကျလာသည့် သတိုးကို အားလုံးစိုးရိမ်တကြီး ထိန်းပွေ့လိုက်မိကြသည်။
သားခန့်ကပဲ ဒက်ဒီကို အပေါ်ထပ်အခန်းဆီ ခေါ်သွားပြီး ဆေးအိတ်ဖြင့် အနောက်မှ ပါလာသည့် ဒီပါက စစ်ဆေးပြီး
လိုအပ်သည့် ကုသမှုတွေပြုလုပ်ပြီး ဆေးသွင်းပေးထားရ၏။" ကိုကြီး…ဘာဖြစ်တာလဲဟင် အကိုဒီပါ "
" ရုတ်တရက်…ရှော့ရသွားတာပါ ! တခြား ဘာမှစိုးရိမ်စရာ
မရှိဘူးနော် တိမ်လွှာ ! ဆေးသွင်းပေးထားတယ် မငိုရဘူး
လေ တိမ်လွှာရယ်…စိတ်မပူနဲ့ မငိုရဘူး ညီရယ် "" ကျနော်…ရင်ထဲပူနေတယ် အကိုဒီပါရဲ့ !
ကိုကြီးက…အရမ်းကျန်းမာရေး လိုက်စားတဲ့သူ …
ဖျားတာတောင် အတော်လေးဖျားမှ အိမ်မှာနားတဲ့သူလေ !ခုက…ရုတ်တရက်ကြီး ဖြစ်သွားတာ !
ကျနော် စိတ်ပူလို့ သေတော့မယ် …အဲ့ဖုန်းက ဘယ်ကဖုန်း
မို့လဲ …ကိုကြီးကို အခုလိုဖြစ်စေတဲ့ ဖုန်းက ဘယ်ကဖုန်း
လဲ လို့…သားခန့် "" ရှူး…တိုးတိုး ညီ ! ခန့် ဖုန်းပြောနေတယ် "
အရူးလို ထအော်ပြောနေသည့် တိမ်လွှာ့ကို ဒီပါ တားဆီးမိရပြီလေ။
ဖုန်းပြောနေသည့် ခန့်ကလည်း မျက်နှာမကောင်း၍ ဒီပါ စိတ်ပူရတာပင်။
အကို့ကိုလည်း သတိလစ်သည်အထိ ဖြစ်သွားစေခဲ့သည် မဟုတ်လား။
" ခန့် "
" သားခန့် "
" ဒက်ဒီလေး…ဦး "
" ဘာဖြစ်တာလဲ…ခန့် "
YOU ARE READING
♥️ အချစ်ကညှို့တယ် ♥️
Romanceမိန့်သာအလိုရှိရင် ဘာမဆို ကိုယ်ဖန်တီးပေးဖို့ အသင့်ပဲ ကိုယ့်ကိုလက်ခံပေးလိုက်ရလို့ မိန့် တစ်ဘဝလုံး နောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံတယ် ( စည်းစိမ်ခမ်းနား ) မိန့်က အချစ်ဆိုတာကို နားမလည်ဘူး အဲ့ဒါကြောင့် ... ( စဝ်မင်းမိန့်သခင် )