❤️အချစ်ကညှို့တယ်❤️{Part--38}
********❤️********" ရလား…ကိုကြီး ဖြည်းဖြည်းလှဲ "
" ကျေးဇူး "
" ကိုကြီးကလည်း…ကျေးဇူးမလိုပါဘူးဗျာ !
တစိမ်းဆန်လိုက်တာ…အရမ်းပဲ !ကိုယ့်ခန္ဓာကိုယ်က မကောင်းဖြစ်နေတာကို…ဘာလို့
စိတ်လိုက်မာန်ပါ လုပ်ရတာလဲ တားမရ ဆီးမရ ကိုကြီးကလေ တအားဒေါသကြီးတာပဲ "ဆေးသွင်း ဆေးထိုးပြီး လိုအပ်တာတွေ ကုသမှုခံယူပြီး ပြန်လာသည့် ကိုကြီးကို အဝတ်အစားလဲဖို့ ဗီဒိုထဲမှ ထုတ်ပေးနေရင်း ဆရာလုပ်နေ သည့် တိမ်လွှာပါ။
သတိုးကတော့ ကုတင်ပေါ်လှဲနေရင်းမှ လျှာရှည်နေသည့် တိမ်လွှာ့ကို ဘုကြည့်ကြည့်နေမိတယ်။
ဒီ သောက်ကလေး အတော်စကားများမှန်း ခုမှပဲ သိတော့တာပဲ။
" အင်္ကျီလဲလိုက်ဦး…ကိုကြီး "
" အင်း "
အင်္ကျီလဲပြီးတော့…
" ဟိုဘက်လှည့်ပေးလေ "
" အမ် …ဗျာ "
" ပုဆိုးလဲမလို့…ဟိုဘက်လှည့်လေ ! ကြည့်မလို့လား "
" အာ…အာဗျာ…ကိုကြီးကလည်း "
" ဟား ဟား "
သတိုးပြောလိုက်မှ ရှက်ရှက်ဖြင့် ကျောခိုင်းသွားသည့် ချာတိတ်ကြောင့် ရယ်မိတော့သည်လေ။
" တိမ်လေး "
" ဟင်…ဗျာ ကို ကိုကြီး "
အနောက်ဖက်ကနေ သိုင်းဖက်ခံလိုက်ရ၍ တိမ်လွှာ တွန့်ခနဲ ဖြစ်သွား မိတယ်။
သို့သော် ဒီရင်ခွင်ဟာ တိမ်လွှာ အမြဲခိုဝင်ဖို့ စိတ်ကူးယဉ်ခဲ့ဖူး
တဲ့ ရင်ခွင်။" ကိုကြီး "
" အင်း "
" ကျနော့်ကို…ချစ်တာ တကယ်လားဟင် "
" သတိုးမင်းခေါင်က စကားကို ရင်ထဲကမပါဘဲ ပြောတတ်
တာ တိမ်လွှာမျဉ်းပြိုင် "" ကိုကြီးကလည်း…တိမ်လေးက ကြားချင်လို့မေးတဲ့ဟာ "
အေးခနဲဖြစ်သွား၍ အခွာခံလိုက်ရမှန်း သိပြီး စိတ်ဆိုးသွားပြီ ဆိုတာ မေးစရာပင်မလို။
YOU ARE READING
♥️ အချစ်ကညှို့တယ် ♥️
Romanceမိန့်သာအလိုရှိရင် ဘာမဆို ကိုယ်ဖန်တီးပေးဖို့ အသင့်ပဲ ကိုယ့်ကိုလက်ခံပေးလိုက်ရလို့ မိန့် တစ်ဘဝလုံး နောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံတယ် ( စည်းစိမ်ခမ်းနား ) မိန့်က အချစ်ဆိုတာကို နားမလည်ဘူး အဲ့ဒါကြောင့် ... ( စဝ်မင်းမိန့်သခင် )