Chapter2(Unicode+Zawgyi)

65 2 0
                                    

'အင်း.....'

'သားမြူ.....'

'.......'

'သား....သားသက်သာရဲ့လား...?'

'ဒီက..အန်တီက...ဘယ်သူလဲဟင်...?'

ကျွန်တော်မျက်စိရှေ့မှာရောက်နေတဲ့သူ့ကိုမေးမိခြင်း....တကယ်ပါ....ကျွန်တော်ဘာမှမမှတ်မိတော့ဘူး....စဥ်းစားလို့လဲမရဘူး.....ကျွန်တော်မှတ်မိတာဆိုလို့ကျွန်တော့်နာမည်တစ်ခုသာ....

'မြူလေး....မေမေကြီးလေသားရဲ့...'

'မေမေကြီး??'..

'ဘာတွေဖြစ်နေတာလဲသားရယ်.....မေမေကြီးကိုတောင်မမှတ်မိတော့ဘူးလား...?'

'တကယ်...ကျွန်တော်မသိတော့ဘူး......ဟင့်..အင်း.....ကျွန်တော်ဘာဖြစ်နေတာလဲ....?အ့....စဉ်းစားလို့လဲမရတော့ဘူး....ခေါင်းကိုက်တယ်....ဟင့်......'

အိပ်ယာထဲမှာလူးလှိမ့်ရင်းမြူအော်ငိုမိသည်.....

ခဏကြာတော့ငိုရတာမောသွားပြီးမြူအိပ်ပျော်သွားခဲ့သည်.......

တပတ်လောက်အကြာမှာတော့မြူရောက်နေတဲ့ခုနေရာလေးနဲ့ဖြည်းဖြည်းချင်းနေသားကျလာခဲ့သည်........

မေမေကြီးကမိဘမဲ့ဂေဟာမှူးတဲ့....

ကျွန်တော်တို့လိုစစ်အတွင်းမှာမိဘမဲ့ဖြစ်ခဲ့ရတဲ့ကလေးတွေကိုခေါ်ပြီးစောင့်ရှောက်ပေးတဲ့စေတနာရှင်ပေါ့......

မေမေကြီဂရဲ့ပြောပြချက်အရပြန်သိရတာကကျွန်တော်ဒီရောက်တာပင်၄နှစ်ပြည့်တော့မယ်တဲ့.....

မြူလွန်ခဲ့တဲ့အပတ်ကအဖျားအရမ်းကြီးပြီးသတိလစ်သွားခဲ့ရာကပြန်နိုးလာတော့မြူဘာကိုမှမမှတ်မိနိုင်ဖြစ်နေခဲ့တဲ့အကြောင်းကိုမေမေကြီးကသေချာပြောပြလာသည်.....

မြူမေမေကြီးပြောပြလို့သာယုံရပေမဲ့တခုခုမှားယွင်းနေမှန်းစိတ်ထဲကသိခဲ့ပါသည်....

သို့ပေမဲ့၁၀နှစ်အရွယ်ကလေးသာသာသာရှိတဲ့မြူကတခြားဘာသိဦးမှာလဲ....

နောက်ဆုံးမေမေကြီးပြောစကားကိုသာမျက်စိမှိတ်ယုံကာဂေဟာမှာသာပျော်ပျော်နေဖို့ဆုံးဖြတ်လိုက်သည်..........

ကျွန်တော်တို့ကလေးတွေအပျော်ဆုံးနေ့တရက်ကDEC 22တဲ့...ဘာလို့ဆိုအဲ့နေ့ကြသိပ်ကိုချမ်းသာတဲ့ကလေးတစ်ယောက်ရဲ့မွေးနေ့မို့စားကောင်းသောက်ဖွယ်တွေစားရတယ်လေ......

Back To The CenturyWhere stories live. Discover now