Chapter 5(Unicode +Zawgyi)

29 1 0
                                    

မနေ့ညကဘာဖြစ်သွားတယ်မသိ...မြူနိုးလာတော့မြူကအိမ်ပြင်ကမြက်ခင်းပြင်မှာအိပ်ပျော်နေခဲ့သည်တဲ့လေ...

မြူ့ကိုညကဘယ်သူမှလဲလာမခေါ်သလိုဘာလို့ဒီနေရာမှာတစ်ယောက်တည်းချန်ရစ်ထားခဲ့ကြတာလဲ....

မြူအဖြေရှာမရခဲ့ဘူး..,

သခင်ကြီးရော....သူကရောမြူ့ကိုမရှာလေဘူးလား...

အကိုကရော....

'ဟဲ့...ကောင်လေး.....'

'ဗျာ....အာ...ကြီးကြူ....'

'နိုးရင်လဲထတော့.....သွား...ခဏနေကြအိမ်ကြီးရှင်တွေထကြတော့မှာ....ကိုယ်လက်သန့်စင်ပြီးမနက်စာပြင်ဖို့သွားလုပ်ချည်....'

'ဟုတ်ကဲ့ပါကြီးကြူ.....မြုအခုဘဲလုပ်လိုက်ပါ့မယ်..'

'ဒါနဲ့.....'

'ဟုတ်..ပြောပါဗျ....'

'ဟင်း.....ဘာမှမဟုတ်ဘူး....ကံကောင်းပါစေ....'

မြူ့ပုခုံးကိုခပ်ဖွဖွပုတ်ကာသက်ပြင်းချပြီးထွက်သွားတဲ့ကြီးကြူကိုမြူနားမလည်ခဲ့ဘူး...

ကံကောင်းပါစေတဲ့....ဘာအတွက်လဲ...???

ထားပါလေ...နောက်ကြသိလာမှာပေါ့....

ညကခင်းကျင်းထားတဲ့ပစ္စည်းတွေကိုသိမ်းဆည်းနေတဲ့အလျှိုလျှိုသောအလုပ်သမားများကတော့မြူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့...တချို့ဆို နားနားကပ်ကာအချင်းချင်းတီးတိုးတောင်ပြောကြသေး....

မြူ့အတွက်ဒီလိုအခြေအနေကသိပ်မထူးခြားတာမို့အရေးတယူလုပ်မနေတော့ဘဲအိမ်မကြီးထဲသာဝင်ခဲ့တော့သည်..

တညလုံးမြက်ခင်းပေါ်အိပ်ခဲ့ရတာမို့ယားကျိကျိဖြစ်နေတာကြောင့်ရေပါတခါတည်းချိုးလိုက်မိသည်....

ရေချိုးခန်းထဲကထွက်ပြီးနာရီကိုအမှတ်မထင်လှမ်းကြည့်မိတော့7နာရီထိုးဖို့မိနစ်အနည်းငယ်သာလိုတော့တာမို့မြူအဝတ်ကိုကမန်းကတမ်းဝတ်ကာမီးဖိုချောင်ထဲပြေးရပြန်သည်....

သခင်ကြီးအတွက်ပေါင်မုန့်မီးကင်...ယိုသုတ်လေးရယ်....အသီးအရွက်အစုံနဲ့ဖွယ်ဖွယ်ရာရာထမင်းကြော်လေးတစ်ပွဲအားအသေအချာကြော်...ပန်းကန်ထဲသေချာထည့်ပြီးထမင်းစားခန်းထဲကိုယူသွားမိသည်...

Back To The CenturyWhere stories live. Discover now