Chapter12(Unicode+Zawgyi)

30 2 0
                                    

'ကလေး...ဗိုက်မဆာတောင်အဆာရှိအောင်တစ်ခုခုတော့စားလေကွာ...ရော့....ကိုယ်ကစစ်ပြေးဖြစ်နေတော့ကလေးစားချင်တာတွေလိုက်ဝယ်မပေးနိုင်ပေမဲ့ကလေးလေးကလိမ်လိမ်မာမာနဲ့အားရှိအောင်ကိုကိုကြွေးတာကိုစားနော်..........အာ.....'

'မစားချင်ဘူးလို့ပြောနေတယ်မလားကိုလင်းမောင်...ခင်ဗျားဘာဖြစ်နေတာလဲ....?'

ကမ်းလာတဲ့သူ့လက်ကိုပုတ်ထုတ်ရင်းကျွန်တော်အော်မိတော့ကွက်ခနဲပျက်သွားတဲ့ကိုကို့မျက်နှာ,...

သူ့ကိုသိပ်ချစ်နေတဲ့ကျွန်တော်ကသူဘာတွေဖြစ်သွားလဲဆိုတာမသိရအောင်အရူးမှမဟုတ်ဘဲ..နှုတ်ကဘဘ္လောက်ဘဲသူ့ကိုမုန်းပါတယ်ပြောပြောအဆုံးသတ်ကြတော့လဲကျွန်တော့်နှလုံးသားကိုကျွန်တော်ကိုယ်တိုင်မျက်ကွယ်ပြုပြီးညာလို့မှမရဘဲလေ....

မျက်နှာပျက်သွားတဲ့ကိုကိုကမြူရှိတာကြောင့်ချက်ချင်းဘဲအပြုံးတစ်ခုကိုဆင်ကာမြူ့ကိုချော့မော့ကာအစာကြွေးပြန်သည်.......

'မြူ......ဟင်း.....ကိုယ်တောင်းပန်ပါတယ်ကွာ..ကိုယ်..အတိတ်ကဖြစ်ခဲ့တဲ့အရာအားလုံးအတွက်ကိုကိုတောင်းပန်ပါတယ်........'

'ဟက်....သိပ်ရယ်ရတာဘဲ..ခင်ဗျားကဘာတွေတောင်းပန်လို့ကျွန်တော်ကဘာတွေခွင့်လွှတ်ပေးရမှာလဲကိုလင်းမောင်ရာ.....'

'မြူလေး.......ကိုကို......'

'ခင်ဗျားပြောတော့မြူလေးကိုချစ်တယ်ဆို.....'

'ဟုတ်တယ်.....ကိုယ်မင်းကိုချစ်တယ်....သိပ်နောက်ကျသွားမှဖွင့်ပြောလိုက်ရပေမဲ့ကိုယ့်အချစ်ကိုမြူလေးလက်ခံပေးပါ........'

'ဆောရီးဘဲကိုလင်းမောင်.............'

'ဘာလို့လဲ...ဘာလို့လဲမြူရာ..ကိုယ်မင်းအတွက်နဲ့အရာအားလုံးကိုလုပ်ပေးခဲ့တာလေ...ဒါတောင်ကိုယ့်အချစ်ကိုသက်သေပြဖို့မလုံလောက်သေးဘူးလားကလေးရာ......'

'ဘာရယ်.....?'

'ကလေးကိုချစ်လွန်းလို့ကိုကိုကလေးမျက်နှာတစ်ခုတည်းကြည့်ပြီးကလေးအနားမှာနေခဲ့တာလေ.........'

'ပြောချင်တာက...ခင်ဗျားကသူတော်ကောင်းကြီးပေါ့...ဟုတ်လား...?'

'မဟုတ်ဘူး..ကိုယ်ပြောချင်တာအဲ့လိုမဟုတ်ဘူး..ကျစ်......ကိုယ်ဆိုလိုချင်တာက.......'

Back To The CenturyWhere stories live. Discover now