"အဲ့တော့ အရှင့်ကိုမြင်ခဲ့တယ်လို့ပြောချင်တာပေါ့!"
"ဟုတ်ပါတယ်ဆို ဘယ်နှခါပြောရမှာတုန်း"
"မဖြစ်နိုင်တာကြီးကို"
"မဖြစ်နိုင်စရာလား"
"......."
"အဲ့မှာကြည့်" "တစ်တောလုံးစိမ်းစိုနေတာပဲလေ"
"အရင်ကဆိုခြောက်ကပ်ပြီးဝါထိန်နေတာ...အဲ့တာ အရှင်ပြန်လာတယ်ဆိုတဲ့သက်သေပဲကို""ထပ်ပြီး ရန်ဖြစ်နေကြပြန်ပြီလား"
ရွယ်တူကောင်လေးနှစ်ယောက်ရဲ့ငြင်းခုံနေတဲ့စကားဝိုင်းထဲဝင်ရောက်လာတဲ့ ကောင်လေးတစ်ယောက်က နက်မှောင်နေတဲ့မျက်ဝန်းတွေနှင့်အတူသူတို့နှစ်ယောက်ကိုကြည့်ရင်း သူ့လက်ထဲက လေးနှင့်မြှားကို စားပွဲပေါ်တင်လိုက်သည်။
"အာ...အရှင်ဂန်ထယ်ယွန်း!!!!!"
"........"
"စားပွဲပေါ်ကို အရှင့်ရဲ့လေးတွေမြှားတွေမတင်ဖို့ ကျွန်တော်မျိုး ဘယ်နှခါပြောရမလဲဗျ!!!!!"
"နားညီးလိုက်တာ"
"ဟုတ်တယ်မို့လား ချွဲဘောမ်ဂယူကရှိသမျှနတ်ဘုရားတွေထဲမှာအဆူညံဆုံးဘဲမို့လား"
ဆူဘင်းက ခပ်ရွဲ့ရွဲ့နှင့်ပြောသည်ကို ဘောမ်ဂယူကတော့ သဘောကျပုံမရ။
"ဘာပြောလိုက်တယ် ချွဲဆူဘင်း!!!!!!"
"အား! နားကွဲတော့မှာပဲ!" "တိတ်တိတ်နေစမ်းပါ တိတ်တိတ်!"
ဆူဘင်းက သူ့နှုတ်ခမ်းပေါ်လက်ညှိုးတင်ကာပြောတော့ ထယ်ယွန်းမှာဘာရယ်မဟုတ်ရယ်မိသည်။ ထို့နောက် စားပွဲပေါ်က အကြမ်းပန်းကန်လုံးရဲ့နှုတ်ခမ်းသားကိုပွတ်သပ်ရင်း
"အဲ့တော့ အရှင်ချွဲဝေါန်ဂျွန်းကပြန်လာပြီပေါ့"
"......."
"သေချာလား?"
ထယ်ယွန်းက ထိုပန်းကန်လုံးဆီက လက်ကိုရုတ်လိုက်ပြီး ဆူဘင်းရဲ့မျက်လုံးတွေကိုစေ့စေ့ကြည့်ကာမေးတော့ ဆူဘင်းကလဲ ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ...တကယ်ကြီးပါဆို...ကျွန်တော်မျိုးရဲ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ"
"ဒါနဲ့ နာမည်က ဘာလို့ ဝေါန်ဂျွန်းတုန်း"
"ယောန်ဂျွန်းမဟုတ်ဘူးလား"
![](https://img.wattpad.com/cover/339327824-288-k96344.jpg)
YOU ARE READING
1993
Fanfiction"အရောင်ထဲမှာဆို ကိုယ်တော်....ရွှေရောင်ကိုသဘောကျတယ်" "ဘာလို့လဲ သိလား" "ဘာလို့လဲ အရှင်...." "ဘာလို့လဲဆိုတော့.....ကြက်သွေးရောင်နဲ့လိုက်ဖက်လို့"