"အရှင် ဆူဘင်း! မြန်မြန်လာလေ"
ညတုန်းက သရဲတအားကြောက်နေသည့် ယောန်ဂျွန်းမှာ အခုတော့ သူမဟုတ်သည့်အတိုင်း တက်ကြွနေလိုက်တာများ။
ဆူဘင်းမှာ မြန်မြန်လာချင်သော်လည်း ညက တက်ခွခံထားရသည်ကြောင့် ခါးကဒဏ်ဖြစ်နေသလို၊ လမ်းကို အမြန်ကြီးလျှောက်လို့ အဆင်မပြေ။ ဘယ်သူ့လက်ချက်လဲဆိုရင်တော့ ထုံးစံအတိုင်း အရှင်ယောန်ဂျွန်းရဲ့လက်ချက်ပဲပေါ့။
အိပ်မည့်နေရာ ရှာမရသည့်အဆုံး နတ်ကွန်းကိုသာ သန့်ရှင်းရေးလုပ်ပြီး အိပ်ရန်ဆုံးဖြတ်လိုက်ကြပေမဲ့၊ အရှင်ယောန်ဂျွန်းကတော့ သူ့ကိုယ်သူ နတ်ဆိုတာ မေ့လျက် သရဲမ ပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး သူ့ကို ခွထားခဲ့တာလေ။
သို့ပေမဲ့ ထိုဒဏ်ကို ခံခဲ့ရသူက သူတစ်ယောက်ထဲတော့မဟုတ်၊ အရှင် ထယ်ယွန်းလဲ အစစ်ပါသေးသည်။ ပန်းအိမ်တော်က အလှလေးက တအားနုဖပ်လွန်းတာလေ။ ငှက်မွှေးခေါင်းအုံးနဲ့မဟုတ်ရင် အိပ်မပျော်ဘူးဆိုလို့ သူ့လက်မောင်းပေါ် ခေါင်းအုံးအုံးပြီး အိပ်သွားတာ။
အခုလောက်ဆို လက်မောင်းကြွက်သားတွေကို ခံစားလို့ရမှာမဟုတ်လောက်တော့။
"ဗိုက်ဆာလိုက်တာ~" "အခုနေများ ကြက်ပေါင်းလေး စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ရကျိုးနပ်လေရဲ့...."
နတ်ဖြစ်ပြီးတာတောင် လူပြန်ဖြစ်ချင်နေသည့် ဟျူနင်းအား မျက်စောင်းထိုးကြည့်လိုက်မိသည်မှာ ဆူဘင်းအပြင် ထယ်ယွန်းပါအပါအဝင်ဖြစ်သည်။
သို့ရာတွင် ဟျူနင်းမှာ ဆူဘင်းအနားကပ်လျက်
"အစ်ကိုတော်ကြီး ဒီက ညီတော်မောင်လေးကို ကြက်ပေါင်းလေးများ မဝယ်ကျွေးချင်ဘူးလားဟင်"
"ဝယ်ကျွေးစရာလား အားအားယားယား"
တစ်ဖက်က စကားဆုံးဆုံးချင်းကို ငြင်းတာ။ ဖြည်းဖြည်းငြင်းလဲ ရရဲ့သားနဲ့ကို။ အိမ်ရှေ့စံဖြစ်ပြီး ကပ်စီးကုပ်တာ အသိသာကြီး။
လက်ရှိလူ့ပြည်မှာတော့ သူတို့ငါးယောက်သား လျှောက်သာသွားနေတာ ဘယ်ဆိုင်ဝင်လို့ ဝင်ရမှန်းမသိသေး။ မနက်ခင်းပိုင်းဖြစ်သည်မို့ စားစရာတွေကတော့ တော်တော်စုံပ့သည်။
![](https://img.wattpad.com/cover/339327824-288-k96344.jpg)
YOU ARE READING
1993
Fanfiction"အရောင်ထဲမှာဆို ကိုယ်တော်....ရွှေရောင်ကိုသဘောကျတယ်" "ဘာလို့လဲ သိလား" "ဘာလို့လဲ အရှင်...." "ဘာလို့လဲဆိုတော့.....ကြက်သွေးရောင်နဲ့လိုက်ဖက်လို့"