ဒီနေ့လဲ အရင်လိုပဲ ဘာမှထူးခြားမှုမရှိတဲ့ သာမန်နေ့လေးတစ်နေ့ဖြစ်နေခဲ့ပါသည်။ လေပြေလေးတစ်ချက်ဝေ့သွားတိုင်း ညင်သာစွာလှုပ်ခတ်သွားသည့် သစ်ရွက်သံတွေကလွဲပြီး ဘာအသံမှမကြားရသလို ကောင်းကင်ပေါ်က နေရောင်ခြည်ဟာလဲ အနွေးဓာတ်ရရုံသာ ထွန်းလင်းနေခဲ့၏။
သို့ပေမဲ့ ထိုအေးချမ်းမှုကအကြာကြီးတော့ မခံလိုက်။ စမ်းချောင်းအနီးမှာပြုလုပ်ထားတဲ့ နတ်နန်းသေးသေးလေးရှေ့မှာ ဆုတောင်းနေတဲ့အမျိုးသမီးရဲ့အသံက သူ့နားထဲကိုချက်ချင်းဆိုသလိုဝင်ရောက်လာခဲ့သည်။
"ကျွန်မအကိုကြီးသွားမဲ့ ရေလမ်းခရီးမှာ ပါဝင်ပြီး စောင့်ရှောက်ပေးပါ အရှင်ဝေါန်ဂျွန်း....အရှင့်ကို တအားကြည်ညိုပြီး သတ္တဝါတွေအပေါ်လဲ မေတ္တာကြီးတဲ့အကိုတစ်ယောက်မို့လို့ အရှင့်ဘက်က စောင့်ရှောက်ပေးပါ"
သည်လူတွေနဲ့လဲ တယ်ခက်ပါရောလား။ မြစ်တွေ ချောင်းတွေ အင်းအိုင်တွေက သူစောင့်ရှောက်နေတဲ့ တောအတွင်းမှာရှိနေပေမဲ့ ထိုအရာတွေကိုအပိုင်စားသူက အရှင်ဝေါန်ဂျွန်းမဟုတ်ခဲ့ဘူးလေ။
လူသားတွေဟာ စားဝတ်နေရေးအတွက်ပဲရုန်းကန်နေရသည်မို့ စာပေတွေကိုမဖတ်ဖြစ်သည်က အစပြုရင်း ကိုယ်ကိုးကွယ်နေတဲ့ နတ်ဘုရားတွေရဲ့အပိုင်စားရသောနေရာတွေကို မသိတော့တာလဲဖြစ်ကောင်းဖြစ်နိုင်သည်။
"ဟင်..."
လက်အုပ်ချီရင်း သေချာဆုတောင်းနေသူက သူ့ရှေ့ကသူကိုမြင်တော့ အတော်လေးအံ့ဩသွားပုံ။ ထိုသူရဲ့ အသားအရေက ရွှေအိုရောင်အဆင်းရှိပြီး ဆံနွယ်တွေက နက်မှောင်ကာ ရုပ်ရည်မှာလဲ တအားချောမောသည့်သူဖြစ်တာမို့ ယောကျ်ားသားတစ်ယောက်ဟု လက်ခံရမည်ကိုတောင် မဝံ့မရဲဖြစ်သွားသည်။
"ရေလမ်းခရီးအတွက် ဆုတောင်းနေတာလား"
"ဟုတ်ပါတယ်...ကျွန်မရဲ့အကိုကြီးက ဟိုဘက်ရွာကို ဆေးကုပေးဖို့သွားရမှာပါ" "သွားရမဲ့လမ်းခရီးက ရေဆန်ဖြစ်တာမို့ အနည်းငယ်ပူပန်မိပါတယ်"
"ဒါပေမဲ့ ညီမတော်...ဒီနတ်ဘုရားက တောတွင်းစောင့်နတ်ဘုရားပါ....တောအတွင်းက မြစ်ချောင်းတွေအတွက်နတ်ဘုရားသီးသန့်ရှိပါသေးတယ်" "ညီမတော်ဆုတောင်းချင်တယ်ဆိုရင် ဟိုးဘက်က နတ်နန်းမှာသွားပြီးဆုတောင်းနိုင်ပါတယ်"
![](https://img.wattpad.com/cover/339327824-288-k96344.jpg)
YOU ARE READING
1993
Fanfiction"အရောင်ထဲမှာဆို ကိုယ်တော်....ရွှေရောင်ကိုသဘောကျတယ်" "ဘာလို့လဲ သိလား" "ဘာလို့လဲ အရှင်...." "ဘာလို့လဲဆိုတော့.....ကြက်သွေးရောင်နဲ့လိုက်ဖက်လို့"