Part-5

111 21 30
                                    

*ဒီဇာတ်လမ်းထဲက အကြောင်းအရာများက authorရဲ့စိတ်ကူးသီးသန့်ဖြစ်ပါတယ်ရှင့် လက်တွေ့အကြောင်းအရာတွေမဟုတ်သလို ရာဇဝင်မှာလဲရှိတဲ့အရာတွေမဟုတ်တာမို့လို့ တူတယ်ဆိုရင်တောင် တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါသည်*

သွေးထွက်သံယိုတွေပါတာမို့ အဆင်ပြေမှဖတ်ပါနော်













ယောန်ဂျွန်းအတွက်ကတော့ နန်းတက်ပြီးနောက် ပထမဆုံးအကြိမ်လူ့ပြည်ကိုရောက်လာခြင်းဖြစ်သည်။ နတ်ပြည်ထက်ပို၍ ချွတ်ခြုံကျလှသည့် လူ့ပြည်က စိတ်ချမ်းသာမှုတော့မရှိ။

ပတ်ဝန်းကျင်မှာ မှောင်မည်းနေသည့်အပြင် ခွေးအူသံများကလဲ သဲ့သဲ့ပြန့်လွင့်နေသည်မို့ မျက်ရည်ပါဝဲချင်လာသည်။

"အရှင်ဆူဘင်း...လူ့ပြည်က ကြောက်စရာကြီး"

ဆူဘင်း​၏အဖြူရောင်ဝတ်ရုံကို အားကိုးတကြီးဆုပ်ကိုင်လာသူက အသံတွေပါတုန်လို့။ သို့ရာတွင် ဆူဘင်းမှာ ယောန်ဂျွန်းကို လှည့်ကြည့်ပြီး

"ဟိုကောင်တွေလိုလုပ်ပေးရမလား"

မေးငေါ့ပြရာကိုလှမ်းကြည့်တော့ ထယ်ယွန်းနှင့်ဘောမ်ဂယူကိုတွေ့လိုက်ရသည်။ သို့ရာတွင် သူမြင်လိုက်ရသည့် မြင်ကွင်းက ရိုးရိုးတန်းတန်းတော့မဟုတ်။

ထယ်ယွန်းမှာ သူ့ရဲ့လေးအပြင် ဘောမ်ဂယူ့ကိုပါ ကျောကုန်းပေါ်တွင် ပိုးထားရ​၏။

"အရှင်ဘောမ်ဂယူ?"

ယောန်ဂျွန်းက ခပ်တိုးတိုးရေရွတ်တော့ ကျောကုန်းပေါ်ကသူက သူ့ကိုလှမ်းကြည့်လာသည်။

"ဘာလဲဗျ...ကြောက်ရတဲ့အထဲ"

ခွေးပေါက်ကလေးလို ကုတ်တက်နေသူက သူ့ထက်တောင်အခြေအနေဆိုးနေပါသေးသည်။

"မင်းဟာကလဲ အဲ့လောက်ကြီးကျ...."

"အစ်ကိုဘောမ်ဂယူက ချွဲအိမ်တော်မှာ နုနုရွရွလေးနေခဲ့ရတာလေ"  "ခွေးရူးတွေကိုကြောက်တာမထူးဆန်းပါဘူး"

သူ့ဘက်က ဘာမှတောင်မပြောရသေး။ ပြန်လည်ချေပသည့်စကားထွက်လာသောထယ်ယွန်းက ဘောမ်ဂယူကို ဆက်ဆက်ထိမခံကြောင်း သက်သေပြနေ​၏။ တကယ်ပဲ အရှင်ထယ်ယွန်းနဲ့ အရှင်ဘောမ်ဂယူက ကြိုက်နေကြတာလား။

1993Where stories live. Discover now