"ကျတော် ဒီစေ့စပ်ပွဲကိုလက်မခံနိုင်ဘူး ဖိုးဖိုး "(အခုမှ US ကပြန်ရောက်တဲ့မြေးကို အခန်းထဲခေါ်ပြီး ပြောတဲ့စကားက ယောကျာ်းတစ်ယောက်နဲ့စေ့စပ်ပေးမလို့တဲ့) အဂ္ဂ ဖိုးဖိုးကို စိတ်ဆိုးစွာဖြင့် စိတ်ထဲကတွေးလိုက်သည်။
" မင်း ဒီကိစ္စကို လက်ခံမှရမယ် မင်းနဲ့စေ့စပ်မဲ့အဲ့ကလေး လူရည်လူမွန်လေး ပြီးတော့ ဆရာဝန်လည်းဖြစ်သေးတယ် မင်းလိုဟိုယောင်ယောင် ဒီယောင်ယောင် Bar သွား၊Club တက်၊ေလာင်းကစားလုပ်နေတဲ့လူမဟုတ်ဘူး နောက်ပြီး အဲ့ကလေးရဲ့ အဖိုးနဲ့ ငါနဲ့က သူငယ်ချင်းအရင်းကြီးတွေကွ စေ့စပ်ပွဲကိုလည်း ရက်သတ်မှတ်ပြီးသွားပြီ သဘက်ခါ ဆိုရင် စေ့စပ်ပွဲ လုပ်မှာဖိုးဖိုးကိုမျက်နှာပျက်ရအောင်မလုပ်စမ်းပါနဲ့မြေးလေးရယ်"
အဂ္ဂမျက်နှာက မဲမှောင်နေလျက်
" ဟာ....ဦးမင်းဟန်သာတို့က လုပ်ချလိုက်ပြန်ပြီ ကာယံကံရှင်ဖြစ်တဲ့ ကျတော့်ကိုပြောအုန်းလေဗျာ "(အဂ္ဂမှာ ငယ်ငယ်ထဲကအကျင့်တစ်ခုရှိသည် အဲ့တာကတော့ သူစိတ်ဆိုးတဲ့အချိန်၊စိတ်ညစ်နေတဲ့အချိန်၊စိတ်အလိုမကြတဲ့အချိန်တွေမှာဆိုရင် အိမ်ကလူကြီးတွေကို နာမည်အပြည့်အစုံတပ်ခေါ်လေ့ရှိသည်) အခုလည်းသူ့ အဖိုးကိုစိတ်ဆိုးဆိုးနဲ့ နာမည်အပြည့်ကိုရေရွတ်လိုက်လေသည်။
အဲ့ချိန်မှာ ဦးမင်းဟန်သာကလည်း
" မြေးလေးရယ် ဒီကိစ္စကိုလက်ခံလိုက်စမ်းပါ ဘာလဲဖိုးဖိုး နှလုံးဖောက်တာကိုမြင်ချင်တာလား သွေးတိုးတာတာကိုမြင်ချင်တာလား ဒါမှမဟုတ် မြေးကိုပေးမဲ့အမွေတွေကို မိဘမဲ့ဂေဟာလှူလိုက်ရမလား " ဆိုပြီးပြောလိုက်တော့ အဂ္ဂရဲ့မဲမှောင်နေတဲ့မျက်နှာ နည်းနည်းအရောင်ပြောင်းသွားလေသည် သူ့အဖိုးရောဂါကြောင့်ဝောာ့မဟုတ် အမွေကိစ္စကြောင့်ပင်ဖြစ်သည်။
ဟင်းးးး ဦးမင်းဟန်သာတို့ကတော့ ငါ့ကိုအမွေကိစ္စနဲ့အကြပ်ကိုင်ပြန်ပြီ တကယ်ဆိုရင်ဒီအမွေကိစ္စကို အဂ္ဂတို့က ခေါင်းထဲကိုမထည့်တာ ဒါပေမဲ့ အခုအခြေအနေက အမွေကိစ္စကိုခေါင်းထဲထည့်မှရမယ် ဘာလို့လဲဆိုတော့ US မှာလောင်းကစားအကြွေးတင် သိန်းသုံးသောင်းခွဲလောက်တင်နေသည် ပုံမှန်ဆို အဂ္ဂတို့က ဒီပိုက်ဆံလောက်ကို မမှုဘူး အဂ္ဂမှာ Car showroom တွေရော Bar တွေရော အများကြီးပိုင်ဆိုင်ထားသည် ဒါပေမဲ့ ဟိုတစ်လောက US မှာလောင်းကစားတွေလုပ်နေတာကို ဒယ်ဒီကသိေတာ့ ဘဏ်ကဒ်တွေအကုန်လုံးကို ပိတ်ထားလိုက်လေသည်။ အခုမြန်မာပြည်ကို ပြန်လာရတဲ့ကိစ္စကလည်းအဲ့ဒါဘဲ
YOU ARE READING
My Possession
Romance" ဟေ့ရောင် ! စောက်ပိုတွေလာမပြောနဲ့ ငါကအဖြောင့်ကွ ဖြောင့်တာမှ ဟိုင်းဝေးလမ်းလို ဖြောင့်ဖြူးနေတာ ချိုင့်ရာတောင်မရှိဘူး "