Part 3

484 16 0
                                    


ဖိုးဖိုး နဲ့စကားပြောပြီးတော့ သက်တန့် ဆေးရုံကိုသွားရန် ဂိုထောင်ထဲမှ သူရဲ့နက်ပြာရောင် BMW ကားလေးကို ထုတ်လိုက်ပြီး လက်မှာပတ်ထား အညိုရောင်လက်ပတ် နာရီလေးကိုကြည့်လိုက်သည်။

" အမလေး! "
" ဖိုးဖိုး နဲ့လေပေါနေတာ 9 နာရီတောင်ထိုးတော့မယ် မြန်မြန်သွားမှ "

သက်တန့် ဂျူတီချိန်နောက်ကြနေပြီဖြစ်တဲ့အတွက် ကားကိုခါတိုင်းထက် အရှိန်မြန်စွာ မောင်းထွက်လိုက်သည်။

~~~~~~~~~~~~~~~~
ရင်းးးးးရင်းးးးးရင်းးးးး
(ဖုန်းတုန်ခါသံ)

" ဟာ..... ဘယ်မအေဘေး ဖုန်းဆက်ပြန်ပြီလဲမသိဘူး "

အဂ္ဂစိတ်တိုတို နဲ့ပြောလိုက်ပြီးဖုန်းကိုကောက်ကိုင်လိုက်သည်။

" ပြော! ဘယ်ကအကုသိုလ်ကောင် မနက်စောစောစီးစီး ငါ့ရှိကိုဖုန်းဆက်တာလဲ "

" ဟေ့ရောင်!! "
" မင်း ဘာခွေးစကားပြောတာလဲကွ 8 နာရီကျော် 9 နာရီထိုးတော့မှာကို အဲ့ဒါစောသေးတာလား "

" နေပါအုန်း "
" ခင်ဗျားက ဘယ်သူ့မလို့ ကျုပ်ကိုဒီလိုလာပြောနေတာလဲ "

" ဟေ့ရောင့် !! "
" မင်းငါ့ကိုတောင် မမှတ်မိဘူးလား "
" မင်းပထွေးဟေ့ မင်းပထွေး "

" ဟမ်!!!"

အဂ္ဂ ခေါင်းကုတ်ရင်းစဉ်းစားလိုက်သည်။ နေပါအုန်း ငါ့မှာပထွေးမရှိပါဘူး မာမီကလည်း ယောကျာ်းတစ်ယောက်ဘဲယူထားတာပါ ဘယ်ကပထွေးကပေါ်လာတာတုန်း။

"‌ ဟေ့ရောင်!! "
" မင်းအဂ္ဂမောင်! မင်းဖုန်းပြောနေရင်း သေသွားတာလား "

ဦးမြတ်ဟန်သာ သူ့သားဘက်က ဘာပြောသံမှမကြားရတော့သဖြင့် ထအော်လိုက်သည်။

" မဟုတ်‌သေးဘူးနော် ကျုပ်မှာပထွေးမရှိဘူးဗျ "
" ပြီးတော့ ကျုပ်မာမီကလည်း ယောကျာ်းတစ်ယောက်ဘဲယူထားတာ "

ဦးမြတ်ဟန်သာ သူ့သားပြန်ပြောတဲ့ စကားကြားပြီးသွေးတက်ချင်သွားသည်။

" ဟင်းးးး!! "
" မင်းအဂ္ဂမောင် ငါမင်းဒယ်ဒီ မင်းမာမီရဲ့ ယောကျာ်း ဦးမြတ်ဟန်သာကွ "
" မင်းဖုန်းထဲမှာ ငါ့ဖုန်းနံပါတ်ကိုမမှတ်ထားဘူးလားကွ "

My Possession Where stories live. Discover now