Part 4

714 20 12
                                    

"ဟေ့ရောင်!!"
"အဂ္ဂ"
"ငါတို့ကို မနက်အစောကြီး bar ကိုခေါ်ပြီးဘာလုပ်တာလဲကွ"

"အေး ဟုတ်တယ်!!"
"ငါတို့က ဒီအချိန်ကြီးတစ်ခါမှတောင်ထတာမဟုတ်ဘူးကွ မင်းဖုန်းဆက်လှမ်းခေါ်လို့သာ အိပ်ချင်မူးတူးနဲ့ ထလာရတာကွ"
"ငါဆိုရင် ညဝတ်အကျီတောင်မလဲလာရဘူး"
(ကောင်းခန့်မင်း စကားကို ရှိုင်းနောင်က ထောက်ခံလိုက်သည်။)

"ဝါးးးးးး"
"ဒီကောင်ဘာအရှုးထလဲမှမသိတာ ခေါ်တော့လဲတစ်ခြားနေရာမဟုတ် bar ကိုတဲ့"
(ရှင်းသူရက အိပ်ရေးမဝလို့ သန်းလိုက်ရင်းထပ်ပြောလိုက်သည်။)

"မင်းတို့ သုံးကောင်ရဲ့စောက်ပါးစပ်တွေ ပိတ်ထားလိုက်တော့"
"ငါအခုလို မနက်အ‌စောကြီး အခေါ်မခံခြင်ရင် နဂိုငါ မင်းတို့ကို လိုအပ်နေတုန်းက ဘယ်သွားသေနေကြလဲ"

"ဟမ်!!!!"
"မင်းကငါတို့ကို နဂိုတုန်းကဘာလို့လိုအပ်တာလဲ"
(ရှိုင်းနောင်က မသိသလိုပုံစံနဲ့ပြောလိုက်သည်။)

"အော်........."
"မအေဘေး လေးတွေ ငါလောင်ကစားအကြွေးတွေတင် ငါ့ရဲ့ကဒ်တွေ ပိတ်ခံရတုန်းက မင်းတို့ရှိက ပိုက်ဆံ‌ေချးမှာဆိုးလို့ ငါမြန်မာနိုင်ငံပြန်ရောက်နေတာ သိတာတာတောင် ငါကိုဖုန်းတောင်မဆက်ကြဘူးလေ သဝောာင်စားလေးတွေ"
(အဂ္ဂ မကျေနပ်တဲ့မျက်နှာဘေးနဲ့ပြောလိုက်သည်။)

"အဲ့လိုမဟုတ်ပါဘူးကွာ ငါတို့ကလဲ ငါတို့အကြောင်းနဲ့ ငါတို့ပါကွာ"
(ကောင်းခန့် စပ်ဖြဲဖြဲရုပ်နဲ့ ပြန်ပြောသည်။)

"ဟေ့ရောင်တွေ လာရွှီးမနေနဲ့ ငါမင်းတို့သုံးကောင်လုံးရဲ့အိမ်ကိုရောက်ခဲ့တယ် မင်းတို့အမေ‌ေတွကို‌ေမးကြည့်လိုက်‌ေတာ့ မရှိဘူး မရှိဘူး ဘူးလို့ဘဲပြောကြတယ် တကယ်ဝောာ့မင်းတို့က မင်းတို့အမေတွေကိုလိမ်ခိုင်းထားတာမလား"

"မဟုတ်ပါဘူးကွာ ငါတို့တကယ်မရှိကြလို့ အဲ့လိုပြောတာပါကွာ"
"အဟင်း"
(အဂ္ဂ တစ်ချက်လောက်ပြုံးလိုက်ပြီး )
"ဟေ့ကောင် ရှိုင်းနောင်မင်းနဲ့ငါပေါင်းလာတာကြာပါပြီကွာ မင်း ၁၈ နှစ်ပြည့်တုန်းက ငါမွေးနေ့လက်ဆောင်ပေးထားတဲ့ ဖိနပ်ကို အရမ်းသဘောကြတာမလား ဘယ်သွားသွားစီးနေကြလေ "
"အဲ့နေ့က မင်းအပြင်သွားတယ်ဆိုရင် မင်းဘာလို့အဲ့ဖိနပ်ကို မစီးသွားတာလဲ "

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

My Possession Where stories live. Discover now