"ကလင်" "ကလင်" "ကလင်"
(နှိုးစက်မည်သံ)သာယာလှပတဲ့မနက်ခင်းလေးမှာ နှိုးစက်သံမြည်နေတာတောင် မထသေးတဲ့ ကောင်လေးတစ်ယောက်ရှိလေသည်။
ထိူသူကတော့ ESI အထူးကုဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ သက်တန့်ရောင် ဖြစ်ပါတယ်။
သက်တန့် နှိုးစက်မြည်နေသံကြားပေမဲ့လည်း ဆောင်းတွင်းအေးလွန်းတာကြောင့် အိပ်ရာမထဘဲ ခဏလောက် မှိန်းနေလေသည်။
ခဏကြာတော့" အင်းးးးး "
သက်တန့်အပျင်းကြောဆွဲရင်း" ဟင်း! "
" ငါဒီနေ့ အရေးကြီးလူနာတစ်ယောက်ကိုကြည့်ရအုန်းမှာဘဲ "
လို့ ပါးစပ်ကရေရွတ်ရင်းသွားတိုက်မျက်နှာသစ်ရန်ရေချိုးခန်းဘက်သို့ ဦးတည်လိုက်သည်။
ထို့နောက် ရေချိုးခန်းထဲကကျောက်ပြားက အေးလွန်းတာကြောင့်" အမလေး!!" "အေးလိုက်တာ " ဟုသက်တန့်တလိုက်မိသည်။
သက်တန့် သွားတိုက်မျက်နှာသစ် ပြီးတော့ ဆေးရုံသွားရန် အဝတ်စားလဲလိုက်သည်။
အဝတ်လဲပြီးတော့ သက်တန့်မှန်ရှေ့မှာ မတ်တပ်ရပ်ရင်း သူကိုယ်သူကြည့်လိုက်လေသည်။
အဖြူရောင် လက်ရှည် လည်ဂတုံး ပေါ်မှာ အနီရောင်ရဲရဲ ဆွယ်တာကိုထပ်ဝတ်ထားပြီး လည်ကတုံးကို ဆွယ်တာပေါ်ကိုထုတ်ထားလိုက်သည်။ထို့နောက် အောက်က style pants အမဲလေးနဲ့လိုက်ဖက်စွာဝတ်ထားလိုက်သည်။
တော်ရုံလူဆိုရင် အနီရောင်ရဲရဲနဲ့ မလိုက်ပေမဲ့ သက်တန့်ရဲ့ အသားရောင်ဟာ ဖြူဖွေးလွန်းတာကြောင့် အနီရောင်ရဲရဲ ဆွယ်တာနဲ့ပန်နန်သင့်စွာ ကြည့်ကောင်းနေသည်။
သက်တန့် သူကိုယ်သူ စိတ်တိုင်းကြပြင်ဆင်ပြီးတော့မှ အောက်ထပ်က မေမေတို့ရှိရာ ထမင်းစားခန်းသို့ ဆင်းသွားလိုက်သည်။အောက်ထပ်ထမင်းစားခန်းရောက်တော့ သက်တန့် အိမ်မှာရှိတဲ့လူအားလုံးကို လိုက်နှုတ်ဆက်လိုက်လေသည်။
" Good morning ဖိုးဖိုး "
" Good morning ပါမြေးလေး "" Good morning ဖေဖေ "
" Good morning ပါသား"" Good morning မေမေ "
" Good morning ပါသားလေး "ဆိုပြီးသက်တန့်ပါးကို လှမ်းနမ်းလိုက်သည်။
သက်တန့်ကလည်း မေ့မေ့ပါးကိုနမ်းလိုက်သည်။ပြီးတော့
YOU ARE READING
My Possession
Romance" ဟေ့ရောင် ! စောက်ပိုတွေလာမပြောနဲ့ ငါကအဖြောင့်ကွ ဖြောင့်တာမှ ဟိုင်းဝေးလမ်းလို ဖြောင့်ဖြူးနေတာ ချိုင့်ရာတောင်မရှိဘူး "