Part 3 (အဆက်)

386 16 3
                                    


" ဒေါက် ဒေါက် "
" အမလေး!!! "

သက်တန့် ကိုယ့်ကိုယ်ကို စိတ်ထဲမှာအပြစ်တင်နေတုန်းရှိသေးတယ် ကား window ကို လာခေါက်တာကြောင့် လန့်ပြီး " အမလေး " တလိုက်မိသည်။

ကားတံခါးဘက်ကိုမျက်နှာငယ်လေးနဲ့လှည့်ကြည့်လိုက်တော့ V shape ပုံသဏ္ဍာန်မျက်နှာကြနဲ့ ရုပ်ချောချောလူတစ်ယောက် ‌မတ်တပ်ရပ်နေလေ‌သည်။ သက်တန့်စိတ်ထဲကနေ " ဒီလူက ငါတိုက်လိုက်တဲ့ ကားရဲ့ပိုင်ရှင်ထင်တယ် ရုပ်ကလေးကသာချောတာ လက်ရဲ့ဇက်ရဲရှိမဲ့ပုံဘဲ အမလေး ဂေါတမ မြတ်စွာဘုရားဆင်းကယ်တော်မှုပါ "

သက်တန့်ရုပ်ကို စပ်ဖြဲဖြဲလုပ်ရင်းကားပေါ်ကဆင်းလိုက်သည်။

" ဟို....ဟိုလေ ဒီကအကို "

" ဘာ!!!! ကျုပ်ကိုဘယ်လိုခေါ်လိုက်တာ "

" ဒီ....ဒီက အကိုလို့‌ေခါ်လိုက်တာလေ "

သက်တန့် အရှေ့ကလူကိုကြောက်လွန်းလို့ စကားတွေတောင်ထစ်နေသည် " ငါအကိုလို့ ခေါ်လိုက်တာ ဘာများမှားသွားလို့လဲမသိ "

" ခင်ဗျား အသက်ဘယ်လောက်ရှိလို့ ကျုပ်ကိုအကိုလို့ခေါ်တာလဲ "

" ကျ‌...ကျတော် အ....အသက်က 26 ပါဗျ "

" အေး! ကျုပ်အသက်က 22 ဘဲရှိသေးတယ် "

" ဟင်!!! "
"ဒါဆို အကို့ထက်ငယ်တာပေါ့ "
" ဟဲ ဟဲ အကို့မသိလိုက်လို့ပါတောင်းပန်ပါတယ် ညီလေး "

( ဒီကောင်လေးကငါ့ထက်ငယ်တယ်တဲ့ မဖြစ်နိုင်တာ နိုင်ငံခြားသားတွေလို အသားဖြူဖြူ အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ ကောင်လေးက အသက် 22 ဘဲရှိသေးတာတဲ့ ငါလဲသူ့လိုခန္ဓာမျိုးပိုင်ဆိုင်ချင်လိုက်တာ )

" ဟေ့လူ!! ခင်ဗျားဘာတွေစဉ်းစားနေတာလဲ ကျုပ်ကားကို ဘယ်လိုလုပ်ပေးမှာလဲ "

အဲ့တော့မှသက်တန့်လဲ

" ဟို.... အကို့ဘာမှမစဉ်းစားပါဘူး ညီလေးကားကရော ဘယ်လောက်ထိခိုက်သွားလို့လဲ"

" ခင်ဗျားမှာ မျက်စိမပါဘူးလား"

သက်တန့် ကားကိုလှမ်းကြည့်လိုက်တော့ ရှေ့ညာဘက် တစ်ခြမ်းလုံး ပိန်နေလေသည်။
ကားကိုကြည့်ပြီး ကောင်လေးဘက်လှည့်ကြည့်လိုက်တော့ တော်တော်ဒေါသထွက်နေပုံရသည်။ မျက်နှာတွေနီရဲနေပြီး စိမ်းဖန့်ဖန့်မျက်ခုံးနှစ်ခုကိုလည်း ထိလုမတက်တွန့်ချိုးထားသည်။ ထို့နောက် အိင်ကျီလက်ရှည်ကို တံဝောာင်ဆစ်ထိ ခေါက်တင်ထား၍ ဖြူဖွေးသောအသားရေပေါ်က သွေးကြောစိမ်းလေးများသည်လဲ လက်သီးစုပ်ထားသည်အတွက် ဖောင်းထနေလေသည်။

My Possession Where stories live. Discover now