Spring

1.5K 85 47
                                    

နွေဦး။

"Liming!မဒမ်နိုတို့အိမ်ကိုပန်းတွေ‌ပို့ပေးပါဦး"

အစိမ်းရောင်တွေလွှမ်းနေသည့်သစ်တောဆန်ဆန်ဆိုင်ကလေးတစ်ခုကပျံ့လွှင့်လာသည့်အမျိုးသမီးတစ်ယောက်အသံ။

သိပ်မကြာခင်မှာပဲဖြူလွှလွှကောင်လေးတစ်‌ယောက်ကဆိုင်ထဲသို့အပြေးလေး၀င်လာ၏။မှိုလုံးလေးလိုမျိုးခပ်အုပ်အုပ်ညှပ်ထားသည့်ဆံနွယ်တွေနှင့်ထိုအမျိုးသားကလိုက်ဖက်ညီစွာ။

ခြင်းလေးဖြင့်သေချာပြင်ဆင်ထားသည့်လီလီပန်းဖြူကလေးတွေဟာမွှေးရနံ့သင်းကြိုင်စွာ။ချက်ချင်းပါပဲခြင်းလေးအားဆွဲလျက်ဆိုင်ရှေ့တွင်ရပ်ထားသည့်စက်ဘီးဖြူလေးစီသို့ပြေးလာလိုက်၏။

စက်ဘီးရှေ့ခြင်းတွင်ပန်းခြင်းလေးကိုထည့်ကာစနင်းလိုက်ပြီးငါ့ရဲ့ဦးတည်ချက်ကသိပ်မလှမ်းမကမ်းမှာရှိသည့်စံအိမ်ကြီးတစ်ခုစီသို့။

___________________________________

'Titicharoenrak'စံအိမ်။ဘန်ကောက်မြို့ရဲ့အထက်တန်းလွှာတွေထဲကတစ်ယောက်ဖြစ်တဲ့စံအိမ်သခင်မကြီးမဒမ်နိုဟာအသက်အားဖြင့်၆၀နီးပါးရှိနေပြီ။

ကုန်သည်မိသားစုကဆင်းသက်လာသည့်ထိုအမျိုးသမီးဟာတစ်ခုလတ်ဖြစ်နေခဲ့တာလွန်ခဲ့သည့်ဆယ်နှစ်လောက်ကတည်းကပင်။

ပြီးတော့သူမဟာယခုထိလှပနုပျိုနေတုန်းဖြစ်ပြီးစံအိမ်ကြီးကိုလည်းအာဏာပြည့်၀စွာချုပ်ကိုင်ထားနိုင်ပြီးစံအိမ်ရဲ့ပင်တိုင်စီးပွားရေးဖြစ်သည့်ပိုးထည်လုပ်ငန်းကိုလည်းဆက်လက်လုပ်ဆောင်နေတုန်းဖြစ်သည်။

စက်ဘီးဖြူလေးကိုဒေါက်ချလိုက်ရင်းမေမေထည့်ပေးလိုက်သည့်လီလီပန်းခြင်းလေးအားယူကာငါ့‌ခြေလှမ်းတွေကမျက်စိရှေ့တွင်ထီးထီးကြီးရှိနေသည့်စံအိမ်ကြီးစီသို့။

"Liming..သားလာပြီလား"

ကျယ်၀န်းလှသည့်ခြံထဲတွင်ပျိုးထားသည့်ပန်းခြံ၌အလုပ်ရှုပ်နေသည့်အမျိုးသမီးတစ်ယောက်ဟာငါ့ကိုမြင်သည့်အခါပြုံးရီစွာမေးလာ၏။

"ဟုတ် မဒမ်ရဲ့ပန်းတွေပါလာပါတယ်"

လက်ထဲကလီလီပန်းတွေကိုမြင်တဲ့အခါမဒမ်နိုဟာပြုံးသည်။အံနောက်ညစ်ပတ်နေသည့်လက်အိတ်ဖြူတွေအားချွတ်လိုက်ရင်းမဒမ်ကငါ့အနားသို့လျှောက်လာသည်။

Our blue (limingheart ff✅)Where stories live. Discover now