အချစ်ဦး။
'အချစ်ဦးမြေးဦးရတဲ့ထိမမေ့'တဲ့။အချို့သောအချစ်တွေဟာစစ်မှန်နေပါရက်နှင့်လမ်းလွဲသွားတတ်ကြသည်။ထိုထဲတွင်၁၉ရာစု၏မျက်၀န်းညိုတွေလည်းပါသည်။
အမျိုးသမီးတစ်ယောက်ဟာအမျိုးသမီးတစ်ယောက်ကိုချစ်မြတ်နိုးပြီးလောကကြီးရဲ့သဘာ၀ကိုဆန့်ကျင်ခဲ့ပေမယ့်အချိန်တန်ရင်ရထားလေးဟာလွဲသွားရုံပဲတတ်နိုင်၏။
ကဗျာဆရာတွေဟာသူတို့၏ကဗျာတွေကိုသွေးကြောတွေထဲကနေစပ်သည်။သစ်ရွက်ကလေးလှုပ်ရင် ရင်ခုန်တတ်တဲ့မနူးမနပ်အရွယ်မှာချစ်ခဲ့တဲ့အချစ်ဟာစစ်သည်။
တစ်ချိန်က'ကျွန်မနို'ဟုအဖျားဆွတ်ပြီးခေါ်သည့်နတ်သမီးငယ်ရဲ့အသံလေးကိုကျင်လည်ခဲ့သလိုမျိုးသူမရဲ့သားလေးမှာလည်းနူးညံ့ညင်သာသည့်အသံကလေးရှိ၏။
လီလီပန်းတွေကအရင်ကလိုမျိုးသူမပျိုးတုန်းပါ။ပြီးတော့ကိုယ် ကိုယ်တိုင်ကလည်းထိုပန်းဖြူဖြူလေးတွေကိုမြတ်နိုးမိတုန်းပါပဲ။
ရထားတွေမဆိုက်သေးရင်ပြန်ဆုံချင်ပါတယ်အမျိုးသမီးငယ်။ဘယ်ရထားမှာတို့လွဲခဲ့ကြမှန်းမသိပေမယ့်မှတ်တိုင်ဟာတူညီနေဦးမည်ဆိုလျှင်တို့စောင့်နိုင်ပါသည်။
တစ်ကယ်တန်းပြောရရင်တစ်ကယ်ပဲတမ်းတပါသည်။
__________________________________
//အပြင်အတူ သွားချင်လား//
နေသာသည့်မနက်ခင်းနွေးနွေးလေးမှာလီလီပန်းခြင်းလေးနှင့်မဒမ်နိုအိမ်ကိုငါရောက်လာသည်။ခြံ၀န်းကျယ်ကြီးထဲကပန်းခြံထဲသို့ရောက်တဲ့အခါမဒမ်အစားသူမပန်းကလေးကိုသာငါတွေ့၏။
ပန်းခြင်းလေးကိုလက်ဖက်ရည်သောက်နေကျနေရာလေးမှာတင်ထားပြီးမိနစ်အနည်းငယ်ကြာသည်ထိစောင့်နေခဲ့ပေမယ့်သူမကရောက်မလာခဲ့ပေ။
ပြီးတော့heartကလည်းမဒမ်နိုစိုက်ထားသည့်ဒေလီယာပန်းလေးတွေကိုသာငြိမ်ငြိမ်လေးထိုင်ကြည့်နေ၏။မနေနိုင်တဲ့အဆုံးငါကပဲheartအနားသို့သွားလိုက်သည်။
အဲ့နောက်ပျင်းနေပုံရသည့်ကောင်လေးကိုကြည့်ရင်းအပြင်ထွက်ချင်မလားဟူသည့်စိတ်ဖြင့်ငါအမူအရာဖြင့်ပြကာပြောလိုက်သည်။
YOU ARE READING
Our blue (limingheart ff✅)
Fanfictionနွေဦးရဲ့လေရူးနဲ့အတူ မင်းကငါ့အချစ်ဦး။ Fanfiction Main characters-Geminifourth Total chapter-5 Hope you guys enjoy this💓