Our blue.

664 68 107
                                    

ငါတို့ရဲ့နွေဦး။

ချစ်ခြင်းမေတ္တာတွေဟာသိမ်မွေ့သည်။ချစ်ရင်းချစ်ရင်းခြစ်မိသွားမှာကြောက်မိတဲ့အထိကိုပေါ့။အသက်၁၇နှစ်ရဲ့နွေဦးဟာငါအပျော်မွေ့ဆုံးဖြစ်သည်။

တစ်ဦးဆိုင်သူလေးကိုမတွေ့ခဲ့ခင်ထိပန်းတွေဟာလှသည်ဟုငါသတ်မှတ်ခဲ့ဖူးသည်။သေချာသွားတဲ့အခါမှသာမျက်တောင်ခပ်စိတ်စိတ်လေးတွေလောက်မဟုတ်ငါမှန်းနားလည်ခဲ့၏။

ဒီနေ့ရာသီဥတု‌သာယာသည်။လေပြေလေးတွေနှင့်အတူအချစ်လှိုင်းလေးတွေကမျောပါလာ၏။ဒါကိုလည်းသိသိသာသာငါထိတွေ့ရပါသည်။

____________________________________

*အမှောင်ထဲမှာ အိပ်ရအောင်လုပ်မိလို့ တောင်းပန်ပါတယ်*

တီခနဲ၀င်သွားသည့်messageလေးကိုကြည့်ရင်းheartကငါ့ကိုအပြုံးလေးဖြင့်ကြည့်လာသည်။အမှောင်ထဲမှာတောင်တောက်ပနေတဲ့အပြုံးလေး။

ပတ္တရားရဲ့ရပ်ကွက်ငယ်လေးဟာမီးမမှန်ပါ။အထူးသဖြင့်နွေရာသီတွေမှာပေါ့။တစ်ယောက်အိပ်ကုတင်လေးနှင့်အတူဆိုဖာတစ်ခု၊ဗီရိုတစ်လုံး၊သစ်သားစားပွဲလေးကလွဲရင်အခန်းငယ်ကလစ်ဟာနေခြင်းမရှိ။

ရေနံဆီမီးအိမ်လေးကလာသည့်ဝါကျင်ကျင်အလင်းရောင်လေးကလွဲရင်ငါတို့အဖော်ပြုပေးနေသည့်အလင်းရောင်ဟူသည်မရှိ။

ချွမ်းချက်အနေနဲ့ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေသည့်အမျိုးသားငယ်အပေါ်ဖျာကျနေသည့်လရောင်ကလွဲရင်ပေါ့။

'အဆင်ပြေပါတယ်'ဟုစာပြန်ပို့လာတဲ့အခါမှငါသက်ပြင်းလေးယဲ့ယဲ့ချမိသည်။ခရီးသာထွက်လာခဲ့တာမရောက်တာကြာပြီဖြစ်တဲ့အိမ်ကလေးကိုငါရှင်းလင်းထားခြင်းမရှိခဲ့။

ညနေကပန်းခင်းထဲကနေပြန်လာပြီးနောက်မှာအခန်းရှင်းဖို့ကလည်းအချိန်မမှီ။

အဆုံးမှာအတူအိပ်ဖို့သာဖြစ်လာရသည်။ဖုန်တတ်နေသည့်မွေ့ယာလေးပေါ်အဖြူရောင်အခင်းလေးခင်းပေးလိုက်ရင်းheart အိပ်ဖို့ငါပြင်ပေးလိုက်၏။

မဒမ်ရဲ့ရွှေပန်းကလေးကဆိုဖာပေါ်အိပ်ဖို့ဆိုတာဘယ်သင့်တော်ပါ့မလဲ။မွေ့ယာခင်းပြီးသည့်နောက်မှာheartကကုတင်ပေါ်တွင်တက်ထိုင်နေသည်။

Our blue (limingheart ff✅)Where stories live. Discover now