Breeze

642 68 44
                                    

လေရူး။

ဇန်နဝါရီရဲ့နွေဦးကိုလီလီတွေကကြိုဆိုသည်။၂၀၀၈ခုနှစ်ရဲ့ဘန်ကောက်မြို့ဟာနည်းပညာတွေနှင့်ဖွံ့ဖြိုးတိုးတက်နေပေမယ့်ပတ္တရားရဲ့ရာသီကိုငါသိပ်လွှမ်းပါသည်။

မေမေပျိုးခဲ့တဲ့လီလီပန်းခင်းကြီးဟာခုချိန်ဆိုလိပ်ပြာလေးတွေရဲ့ရိက္ခာစခန်းဖြစ်နေလောက်ပြီ။ဆေးမမှုတ်ခဲ့မိတဲ့စက်ဘီးဟောင်းလေးကလည်းသံချေးတက်နေရောပေါ့။

အစစရာရာတိုးတက်နေသည့်ဘန်ကောက်မြို့ကြီးထက်လတ်ဆတ်တဲ့လေပြေတွေနှင့်ပင်လယ်ကြီးရှိသည့်ငါ့မြို့ကိုပိုလွှမ်းပါသည်။

သို့သော်စွယ်တော်ရွက်ကလေးနှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်သလိုမျိုးနီးစပ်ဖို့လိုနေသည့်အစိတ်ပိုင်းလေးဟာဘန်ကောက်ကိုသဘောကျစေခဲ့သည့်အကြောင်းရင်းဖြစ်သည်။

ငါလိုအပ်နေခဲ့သည့်အပိုင်းစလေးကမဒမ်နိုတိတ်တိတ်လေးပျိုးထားသည့်လီလီပန်းငယ်လေးဖြစ်သည်။

__________________________________

//ငါ့ကို မင်းရဲ့ သူငယ်ချင်းလို့သတ်မှတ် လို့ရတယ်//

ကုတင်ပေါ်တွင်ငုတ်တုတ်လေးထိုင်နေသည့်ကောင်လေးကငါ့ကိုပြုံးစေသည်။Heartကအခုမှလူတစ်ယောက်ကိုတွေ့ဖူးသလိုမျိုးပြုမူနေ၏။

Heartကထူးခြားသည်။Heartကအဖြူရောင်တွေနှင့်ဆင်တူသည်။ပြီးတော့heartမှာသိပ်လှသည့်မျက်၀န်းအနက်ရောင်တွေရှိသည်။

heartရဲ့ဘ၀ကလီလီပန်းကလေးလိုမျိုးညိုးသွားမှာကြောက်လို့အိုးလေးထဲမှာငြိမ်ငြိမ်လေးနေထိုင်နေသည်နှင့်တူသည်။ဒါတွေကမဒမ်နိုသွင်းပေးခဲ့တဲ့စရိုက်ကလေး။

သားလေးရှိသည်ဟုတစ်စတစ်စကြားခဲ့ဖူးပေမယ့်လူကိုယ်တိုင်တွေ့ရသည့်အခါမှာတော့ငါမှင်သက်မိသွား၏။

သိပ်လှသည့်ကောင်ကလေးတစ်ယောက်ကိုဖွက်ထားသည့်မဒမ်နိုကိုရုတ်တရပ်ပါပဲငါမကျေမနပ်ဖြစ်မိသေးသည်။ဒီစိတ်တွေဟာလည်းခဏပါပဲ။

မဒမ်ဘာကြောင့်သူမပန်းကလေးကိုဖွက်ထားရလဲငါကောင်း
ကောင်းနားလည်ပါ၏။ဆွေကြီးမျိုးကြီးကလာသည့်အသိုင်း
အဝိုင်းကအမည်ပျက်စေမည့်ဘယ်အရာကိုမဆိုဖုံးကွယ်ထားတတ်ကြသည်။

Our blue (limingheart ff✅)Where stories live. Discover now