လျှို့ဝှက်ချက်လေးတွေကအစပြုမည်။
လူတစ်ယောက်ကိုချစ်မိဖို့၁၁စက္ကန့်သာကြာသည်။ပြီးတော့အဲ့အဆိုကိုလည်းငါလက်ခံသည်။
နယူတန်ရဲ့နိယာမတွေမှားကြောင်းငါအယူခံ၀င်မည်။ကြယ်တာယာတွေကိုပြန်ပြင်ရေးရလည်းဖြစ်သည်။လီလီတွေဟာအချစ်ရဲ့ပန်းစကားဖြစ်ကြောင်းငါသတ်မှတ်သည်။
အကယ်၍အမျိုးသားတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုမြတ်နိုးခြင်းသည်ရာဇ၀တ်မှုတစ်ခုဖြစ်မည်ဆိုလျှင်ငါဟာသေမိန့်ကျအပြစ်သားတစ်ယောက်ဖြစ်သည်။
စက်ဘီးဖြူကလေးနှင့်ပင်လယ်နံဘေးတွင်ပတ်စီးရသည်ကိုသဘောကျသလိုမျိုးနွေဦးရဲ့နေရောင်နွေးနွေးလေးကိုလည်းငါသဘောကျသည်။
စည်းတွေဟာကျော်ဖို့မဖြစ်နိုင်တဲ့အခါအနားသတ်လေးကနေဆေးဖြူဖြူလေးတွေငါစသုတ်မည်။မျဉ်းဖြူလေးနှလုံးသားနှင့်တစ်သားတည်းကျသွားသည့်အခါငါကအသာလေးကျော်သွားမည်။
နွေဦးဒိုင်ယာရီလေးထဲလျှို့ဝှက်ချက်တွေရေးထားသည်။
ပထမဆုံးလျှို့ဝှက်ချက်က..'မဒမ်နိုရဲ့လီလီပန်းလေးကိုငါသဘောကျသည်'။
____________________________________
*ဗိုက်ဆာပြီလား*
တီခနဲ၀င်သွားသည့်messageလေးနှင့်အတူနေရောင်နွေးနွေးအောက်ကကောင်ငယ်ကလေးဟာလက်နှစ်ဖက်ကိုဆန့်တန်းထားရာကနေဖုန်းကိုထုတ်ကြည့်၏။
ထိုအခါခပ်လှမ်းလှမ်းမှာရပ်နေသည့်ငါ့ကိုပြုံးကာလှမ်းကြည့်
၏။ပြုံးရီကာမြက်ခင်းစိမ်းစိမ်းလေးတွေကြားကနေပြေးလာသည့်ကောင်ကလေးကြောင့်ငါရီမိသွားသည်။နေ့တစ်၀က်စီးရသည့်ခရီးကိုမပင်ပန်းပဲလန်းဆန်းနေသည့်
heartကဘယ်လောက်တောင်ခရီးထွက်ချင်နေမှန်းသိသာ၏။အမှန်တိုင်းပြောရရင်လူကြီးတွေမပါတာမို့ငါလည်းအနည်း
ငယ်စိတ်လှုပ်ရှားနေပါသည်။အချို့သောဆုတောင်းတွေကမသိလိုက်ခင်မှာပဲပြည့်လာတတ်သည်။'ခရီးထွက်မလား'တဲ့။မဒမ်နိုစီကလာသည့်ထူးဆန်းသည့်မေးခွန်းတစ်ခု။
YOU ARE READING
Our blue (limingheart ff✅)
Fanfictionနွေဦးရဲ့လေရူးနဲ့အတူ မင်းကငါ့အချစ်ဦး။ Fanfiction Main characters-Geminifourth Total chapter-5 Hope you guys enjoy this💓