4.ပထမဆုံးမိတ်ဆွေ

382 68 4
                                    

တော်ဝင်မိသားစုတဲ့လား..
၁၀ နှစ်လုံးလုံးနန်းဆောင်ထဲကနေအပြင်ကိုသိပ်မထွက်တဲ့ဆောနူးအဖို့ တော်ဝင်မိသားစုက နန်းပြင်မှာ ဘာတွေလုပ်နေလဲဆိုတာသိနိုင်ဖို့ အလှမ်းဝေးသည်မဟုတ်ပါလား။

တော်ဝင်မိသားစုက
နန်းပြင်မှာ ကလေးတစ်ယောက်ကို လိုက်လံရှာဖွေသတ်ဖြတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုသိလိုက်ရချိန်မှာ မျက်နှာကိုရေနွေးပူနဲ့ ပက်ခံလိုက်ရသလိုပူလောင်သွားမိသည်။

ဒါက တော်ဝင်မိသားစုထဲက ဘယ်သူ့ရဲ့လက်ချက်ပါလိမ့်။
ကျွန်တော့်လိုတော်ဝင်သွေးစစ်စစ် မင်းသားကိုတောင် နန်းပြင်မှာစွန့်ပစ်ထားရက်သည်ပဲမို့ တော်ဝင်မိသားစုမှာ ယုံချင်စရာကောင်းတဲ့သူတော့မရှိတာအမှန်ပင်။

တိုင်းပြည်အာဏာကိုလက်ဝယ်ပိုင်ဆိုင်ထားပြီး လိုချင်တာရနိုင်တဲ့ တော်ဝင်မိသားစုက ဒီလိုငယ်ရွယ်တဲ့ကလေးတစ်ယောက်ကို ဘာတွေများ ကြောက်နေရလို့သတ်ဖြတ်ချင်တဲ့အထိလုပ်ရတာလဲဆိုတာကိုတော့ တကယ်နားမလည်နိုင်ပေ။

မျက်နှာပူရမယ့်အတူတူတော့ မိတ်ဆွေဖွဲ့မနေတော့ဘဲ လက်လွှတ်လိုက်ပြီး ကိုယ့်လမ်းကိုယ်ပဲ သွားကြရင်ကောင်းမလားလို့တွေးလိုက်မိတော့လည်းရင်ထဲမှာ လစ်ဟာသွားသလိုပင်။

မိတ်ဆွေလေးတစ်ယောက်လောက်ရနိုင်ဖို့တောင် ခက်ခဲလှပါဘိ။

ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေမိတာ မျက်စိရှေ့ကလူကိုဆွဲထားဖို့တောင်အားအင်မရှိတော့သည့်အဖြစ်။

နောက်တစ်ခေါက်လှည့်ထွက်သွားမယ်ပြင်ပြီးကာမှ ပြန်လှည့်လာပြီး
အနားကိုဖြည်းဖြည်းချင်းလျှောက်လာကာ လူကိုကျောပေးလျက်ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သောထိုကောင်လေး ရဲ့အမူအရာက ဘာကိုဆိုလိုချင်မှန်းမသိတာကြောင့်ဆောနူးခဏတာကြောင်ကြည့်နေမိခိုက် စကားသံထွက်လာသည်။

" ငါ့ကျောပေါ်တက်လိုက် တောစပ်အထိလိုက်ပို့ပေးမယ် မင်းခြေထောက်ဒဏ်ရာကိုမေ့ပြီး ဒီအတိုင်းလှည့်ထွက်သွားမိတော့မလို့ "

ရပါတယ်လို့ပြောပြီး ငြင်းလိုက်ချင်ပေမယ့် ဆောနူးကိုယ့်ခြေထောက်အခြေအနေကိုအသိဆုံးဖြစ်သည်။
ခြေထောက်ကတစ်ဆစ်ဆစ်နဲ့နာကျင်နေတာကြောင့်
တစ်ယောက်ယောက်ရဲ့အကူအညီမပါဘဲ
အိမ်တော်ထိရောက်အောင် လမ်းလျှောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

Majestic Love Story In Dae Goguyeo Where stories live. Discover now