24. အတိတ်ကိုတူးဆွခြင်း

444 83 24
                                    

" တော်သေးတာပေါ့ဟွန်းရယ် မင်းကိုထပ်ပြီးဆုံးရှုံးလိုက်ရပြီလို့ ထင်နေတာ "

ခမည်းတော်နန်းဆောင်မှာအမှတ်မထင်ကြားခဲ့ရတဲ့သတင်းကြောင့် ဆောနူး သွေးပျက်ပြိုလဲခဲ့ပေမယ့် အထိန်းတော်ချုပ်ကြီးကရိပ်မိသွားမှာစိုးလို့ စိတ်ကိုအတတ်နိုင်ဆုံးကြိုးစားချုပ်တည်းပြီး အိမ်ပြန်ရောက်မှ စိတ်ကိုလွှတ်ချလိုက်ရသည်။

အခန်းထဲကလဲပြိုသံကြောင့်ဂျောင်ဝန်းနီးကရောက်လာပြီး အိပ်ယာပေါ်ပွေ့တင်ပေးခဲ့သည်အထိ စိတ်နဲ့ကိုယ်ကမကပ်နိုင်သေးပေ။
ဂျောင်ဝန်းနီးက ဇွတ်မေးတော့မှ အကျိုးအကြောင်းပြောပြရင်း နှလုံးသားကသွေးတစ်စက်စက်ကျနေသလို နာကျင်လွန်းနေရသည်။

ဟွန်းကိုနောက်တစ်ကြိမ်ဆုံးရှူံးလိုက်ရပြီဆ်ိုတဲ့အသိက ဘဝမှာဘယ်လိုမှဆက်လက်ရှင်သန်ဖို့မဖြစ်နိုင်တော့တဲ့အထိလစ်ဟာသွားသည်။
သူ့မျက်နှာက ဟွန်းကိုနှစ်ကြိမ်တိတိသတ်လိုက်မိပြီ။
ဆယ်ဂျာဘင်ပြောသလို ဟွန်းနဲ့ခပ်ဝေးဝေးနေခဲ့ရမှာ
မယ်တော်ဘယ်လောက်ပဲစည်းရုံးပါစေ လက်ထပ်တာကိုလက်မခံဘဲနေလိုက်ရမှာ အခုတော့ဆောနူးရဲ့လောဘစိတ်ကြောင့် ဟွန်းထပ်ပြီးနစ်နာရပြီဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်လိုက်ဖို့အထိတွေးနေတုန်းမှာပဲ ဟွန်းကိုယ်တိုင်အခန်းထဲကိုရောက်လာတာကြောင့် မယုံနိုင်ခြင်းဝမ်းသာခြင်းတို့ဖြင့် မျက်နှာကိုလက်နဲ့လိုက်စမ်းကြည့်မိသည်အထိပင်။

"ကိုယ့်ကို ထပ်ပြီး ဆုံးရှုံးလိုက်ရပြီလို့ထင်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ "

သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ဆောနူးရဲ့နောက်ကျောကို ခပ်ဖွဖွပုတ်ပေးရင်းပြန်မေးလာတဲ့မေးခွန်းကိုဆောနူးရုတ်တရက်နားမလည်ချေ။

သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ဆောနူးရဲ့နောက်ကျောကို ခပ်ဖွဖွပုတ်ပေးရင်းပြန်မေးလာတဲ့မေးခွန်းကိုဆောနူးရုတ်တရက်နားမလည်ချေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Majestic Love Story In Dae Goguyeo Where stories live. Discover now