52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်

297 52 14
                                    

နန်းရှေ့စုဝေးကွင်းသို့ ဘုရင်ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးမှာတိတ်ဆိတ်သွားကြပြီး ဘုရင်ကို
စူးစိုက်ကြည့်နေကြရင်း ရင်ထဲမှ မကျေနပ်မှုများကို ဖော်ပြနေကြသော်လည်း(အကြည့်နဲ့ဆဲ) ဘုရင်ကတော့ သူ့ကိုကြောက်တာကြောင့် အားလုံးငြိမ်သွားသည်ဟုအထင်ရောက်ကာ သဘောကျလျက်ရှိသည်။

စုဝေးကွင်းပတ်ပတ်လည်တွေ အစောင့်တပ်များ အထပ်ထပ်ချထားပြီးဖြစ်သည့်အပြင် မြို့အဝင်မှာလည်း မြို့စောင့်တပ်ကိုအင်အားအပြည့်ဖြည့်ထားပြီးဖြစ်တာကြောင့် ဘုရင်မှာ စိတ်ချလက်ချ နန်းတော်အတွင်းမှထွက်လာရဲခြင်းဖြစ်သည်။

" ဒီနေ့အမိန့်ကြေညာစာထုတ်ထားတဲ့နေ့ကိုရောက်လာပြီ"
ဘုရင်က အသံကျယ်လောင်စွာ မိန့်ခွန်းကိုစတင်တော့သည်။

"မင်းတို့မျက်စိရှေ့မှာမြင်နေရတဲ့ ဆောနူးဒယ်ဂွန်က  ကံဆိုးစေတဲ့ဇာတာနဲ့ မွေးဖွားလာတဲ့အပြင် သူ့မျက်နှာကိုမြင်တဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ကြတယ်ဆိုတာ မောင်မင်းတို့လည်းအသိပဲ။

ကိုယ်တိုင်က ကံဆိုးရုံတင်မလုံလောက်သေးလို့ စစ်သူကြီးချုပ်နဲ့ပါ အမျိုးသားချင်းထိမ်းမြားလက်ထပ်ပြီး နိုင်ငံကိုပါကံဆိုးမိုမှောင်ကျအောင်လုပ်ခဲ့တဲ့အဓိကတရားခံက သူပဲမောင်မင်းတို့။

သူ့နဲ့ထိမ်းမြားလို့ မောင်မင်းတို့ အားကိုးလှပါပြီဆိုတဲ့ စစ်သူကြီးချုပ်လည်းကံဆိုးမိုးမှောင်ကျပြီး အခုပဲ လက်နက်ချ အညံ့ခံဖို့ လာနေပြီဆ်ိုတဲ့အကြောင်းငါ့ဆီအကြောင်းကြားစာရောက်လာပြီ။

မကြာမီအချိန်အတွင်းမှာ ဂိုဂူလျောကို မတည်ငြိမ်အောင်လုပ်ခဲ့တဲ့တရားခံတွေကိုအပြစ်ပေးပြီးတော်လှန်ရေးကိုအဆုံးသတ်ပေးမယ်။ ဂိုဂူလျောကို အရင်လိုပဲ စည်ပင်သာယာဖွံ့ဖြိုးပြီး တိုးတက်တဲ့နိုင်ငံကြီးအဖြစ်နဲ့ ပြန်မြင်ရတော့မယ်။ "

ထိုအချိန်မှာပင် လူအုပ်ကြားထဲမှ လူတစ်ဦးက ဘုရင်ရှိရာသို့ လှမ်းလျှောက်လာသည်ကို အားလုံးသတိထားလိုက်မိသည်။

" စစ်သူကြီးချုပ်ပဲ သူတကယ်လာပြီးလက်နက်ချတာလား။
တော်လှန်ရေးကို ဒီလိုပဲ အရှုံးပေးလိုက်တော့မှာလား "
ဟူသော အသံများ လူအုပ်အတွင်းမှထွက်ပေါ်လာသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now