35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း

353 66 6
                                    

ယခင်နေ့ညကမိုးရွာပြီး ညဘက်ကင်းတာဝန်ကျတဲ့
ဂျောင်ဝန်းတစ်ယောက် အေးစိမ့်နေတဲ့မိုးဒဏ်ကြောင့်
အအေးပတ်ကာ ချောင်းဆိုးနှာချေဖြစ်နေသည်။

ထို့ကြောင့်ယနေ့ည တာဝန်ပြီးချိန်၌ စားဖိုခန်းဘက်သို့ထွက်လာကာ စားတော်ချက်ကြီးထံမှ ဟင်းရည်ပူပူလေးတစ်ခွက်ရလိုရငြားတောင်းခံရန်လာခဲ့သည်။

"  ခုဏလေးတင်ပဲ စစ်သူကြီးချုပ်ကညစာကို ထမင်းမစားဘဲ ဟင်းရည်ပူပူလေးပဲသောက်လိုက်မယ်ဆိုပြီး ကျန်တဲ့ဟင်းရည်အကုန်ပို့ပေးလိုက်ရတယ်။

တပ်စုမှူးယန်း တကယ်လို့ ခန္ဓာကိုယ်ကိုနွေးထွေးသွားဖို့ဆိုရင် ဟင်းရည်ထက်ကောင်းတာ ကျွန်တော့်ဆီမှာရှိပါတယ်။

ကျွန်တော်တို့ဆီကစစ်သည်အချို့ရုပ်ဖျက်ပြီး ထန်နိုင်ငံထဲခဏခဏဝင်ပြီး နိုင်ငံအခြေအနေစနည်းနာတာမျိုးရှိတယ်။

အဲဒီစစ်သည်တွေက ထန်နိုင်ငံဘက်ကနေဝယ်လာပေးတဲ့ အပြင်းစားသေရည်ပါ။

သေရည်က ကျွန်တော်တို့ဆီကနဲ့မတူဘဲ တစ်ခွက်လောက်လေးသောက်ရုံနဲ့တင်တစ်ကိုယ်လုံးပူနွေးလာပြီး ရီဝေဝေဖြစ်လာတာမျိုးပါ။

အရက်ခံနိုင်ရည်အားမြင့်တဲ့သူတွေတောင် ၃ခွက်နဲ့အထက် ပိုမသောက်နိုင်တဲ့ အရက်ပေါ့။
တပ်စုမှူးယန်းအအေးမိနေတယ်ဆိုရင် တစ်ခွက်လောက်ပဲသောက်မလား။"

ဂျောင်ဝန်းကအများကြီးမသောက်နိုင်ပေမယ့် အအေးမိတာသက်သာဖို့အတွက် တစ်ခွက်လောက်သောက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

တာဝန်ချိန်ရှိလျှင်တော့ သောက်ဖို့မပြောနဲ့ နည်းနည်းလေးငေးမောတာကိုပင်မကြိုက်သည့် ဒေါသအိုးစစ်သူကြီးချုပ်ကြောင့် ဂျောင်ဝန်းအခုဆို အစစအရာရာသတိနဲ့နေနေရတာဖြစ်သည််။

မထင်ရင်မထင်သလို တာဝန်ကျတာကိုလိုက်လံစစ်ဆေးတတ်တဲ့သူ့ကြောင့် ဂျောင်ဝန်းသာမက အခြားစစ်သည်များအားလုံးလည်း သတိလက်လွတ်မနေဝံ့ပါချေ။

အလုပ်ကိုလေးစားပြီးစည်းစနစ်ကျလှသော စစ်သူကြီးချုပ်ပတ်ဂျုံဆောင်း၏သတင်းများကို အရင်ကတည်းက
ကြားဖူးပြီးသားဖြစ်ပေမယ့် ကိုယ်တိုင်ကြုံလိုက်ရချိန်မှာတော့လေးစားမှုတို့ ပိုတိုးလာရသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now