Dear Sweetheart

747 52 4
                                    

အချိန်မှာ ည ဆယ်နာရီဝန်းကျင်ရှိပြီ။

ဟန်ဘင်း ဒီနေ့ ကော်ဖီဆိုင်မှာလူကျတာမို့ အိမ်ပြန်ချိန်က ပုံမှန်ထပ်နောက်ကျနေသည်။

ဟန်ဘင်း ပြန်လာတော့ မက်သရူးက ဆိုဖာပေါ်တွင် သားသားနဲ့အတူထိုင်ပြီး တီဗွီကြည့်နေသည်။ သားက ဟန်ဘင်း သူတို့ဆီလျှောက်လာတာမြင်တော့ လက်ထဲက သကြားမှုန်တွေကပ်ထားတဲ့ရောင်စုံဂျယ်လီထုပ်ကို သူ့ကိုယ်သေးသေးလေးနောက်သို့ အလျင်အမြန်ဖွက်လိုက်သည်။

" ကိုကို ပြန်လာပြီလား..ညစာစားခဲ့ပြီလား ? "

ဟန်ဘင်းက သူ့ကိုစကားလှမ်းပြောတဲ့ မက်သရူးကိုမကြည့်ဘဲ "အင်း" ဆိုတဲ့တုံ့ပြန်သံတစ်ချက်ပြုကာ သားဖွက်ထားတဲ့ သားနောက်က ဂျယ်လီထုပ်ကို မျက်နှာတည်နှင့် ဖျတ်ခနဲလှမ်းဆွဲယူလိုက်တော့ သူ့ဂျယ်လီထုပ်ကို နှမြောတသဖြစ်နေတဲ့မျက်နှာလေးနဲ့ သားသားကဆိုဖာပေါ်မှာထိုင်နေရာကနေ ထလာတော့သည်။

" ပါးပါး ဘာပြောထားလည်း သား!
ဟိုရက်က ဂျယ်လီတွေစားတာများပြီး ချောင်းအရမ်းဆိုးလို့ ဒီတလော ဂျယ်လီမစားဖို့ပြောထားလား မပြောထားဘူးလား!! "

ဟန်ဘင်း မျက်နှာထားခပ်တင်းတင်းနဲ့ပြောလိုက်တော့ သားက မက်သရူးကို စစ်ကူတောင်းသည့်အနေနှင့် မျက်နှာငယ်လေးနဲ့ အားကိုးတကြီးလှည့်ကြည့်လာသည်။ ထို့ကြောင့် မက်သရူးလည်းမနေသာတော့ဘဲ ကြည့်လက်စတီဗွီကိုပိတ်လိုက်ကာ သားဘေးနားမှာမတ်တပ်ရပ်လိုက်တော့ သားကချက်ချင်းပင် မက်သရူးနောက်ကိုပြေးဝင်ပုန်းသည်။

" သားကိုအရမ်းမဆူပါနဲ့ ကိုကိုရယ်..
သူစားချင်တယ်ပြောလို့ ကျွန်တော်ဝယ်ကျွေးလိုက်မိတာပါ "

မက်သရူးက သားကိုသူ့နောက်မှာကာထားရင်း ဝင်ပြောတော့ ဟန်ဘင်းရဲ့အကြည့်တွေက မက်သရူးဆီရောက်လာတော့သည်။

" မဆူလို့ရမလား မက်သရူးရဲ့..
သား ညဘက်တွေပါ ချောင်းထထဆိုးတော့ သားလည်းအိပ်ရေးမဝဘူး ကိုကိုတို့လည်း အိပ်ရေးပျက်တယ်လေ။ ချောင်းဆိုးပျောက်အောင် ဆေးတိုက်ပြန်တော့လည်း သားကဂျစ်ပြီးမသောက်လို့ မနည်းတိုက်ရတယ်မလား။ ခုမှပျောက်တာမကြာသေးဘူးကို ဒါတွေပြန်စားလို့ဘယ်ဖြစ်မလဲ။ အလိုလိုက်တာလည်း တော်ရုံပဲကောင်းတယ် "

Dear SweetheartWhere stories live. Discover now