🎂

328 32 17
                                    

နောက်တစ်ပတ်ကစပြီး သားသားကမူကြိုတက်တော့မှာမို့ လိုအပ်သည့်ပစ္စည်းများကိုဝယ်ရန် သားအဖသုံးယောက် စျေးဝယ်စင်တာတစ်ခုကိုရောက်နေကြသည်။ ပိုကီမွန်ကြိုက်သည့် မက်သရူးနှင့်တူညီစွာ သားကလည်းပိုကီမွန်ကြိုက်ပြီး လွယ်အိတ် ရေဘူးတွေကို ပိုကီမွန်ပုံပါတာတွေပဲရွေးယူနေ၏။ လိုအပ်တာတွေဝယ်ပြီး အပေါ်ဆုံးထပ်က ကလေးကစားကွင်းမှာ သားသားဆော့နေတာကို မက်သရူးနဲ့ဟန်ဘင်းတို့ရပ်ကြည့်နေရင်း

" အချိန်တွေကုန်တာမြန်လိုက်တာ ကိုကိုရယ်
မနေ့တနေ့ကမှ အနှီးထုပ်ထဲက နီတာရဲပေါက်စလေးကိုလေ..အခုတော့ သားသားကဒီအရွယ်တောင်ရောက်လာပြီ။ ပုံမှန်အတိုင်းမွေးတာမဟုတ်လို့ တခြားကလေးတွေလိုမဖြစ်မှာစိုးရိမ်ခဲ့ရတာ..ကျွန်တော်တို့သားလေး အခုလိုကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာလို့ တကယ်တော်သေးတယ် "

သားကိုအချစ်တွေပြည့်လျှံနေတဲ့မျက်လုံးဝိုင်းတွေနဲ့လှမ်းကြည့်ရင်းပြောနေသော ကလေးအဖေလေးကို ဟန်ဘင်းတစ်ယောက်မြတ်နိုးစိတ်နဲ့အသဲယားလာတာမို့ ခေါင်းလေးကိုဖျတ်ခနဲငုံ့နမ်းတော့ ခါတိုင်းသာဆိုလူကြားထဲဒါမျိုးလုပ်ရင်စိတ်ဆိုးမည့်မက်သရူးက ဒီတခါတော့ သားဆီမှာပဲအာရုံရှိနေလို့ဖြစ်မည်။ ဟန်ဘင်းကိုဘာမှမတုံပြန်လာခဲ့။

" ကိုကိုတို့သား ဒီအရွယ်ထိ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာ အဓိကက ဘေဘီ့ကြောင့်ပဲ။ သားသားမွေးပြီးထဲက ကလေးထိန်းခေါ်ဖို့တောင် သူစိမ်းနဲ့စိတ်မချလို့ဆိုပြီး ဘေဘီကအလုပ်ပါထွက်ပြီး သားကိုစောင့်ရှောက်လာတာ။ သားကကိုကိုတို့နှစ်ယောက်လုံးနဲ့သက်ဆိုင်တာဆိုပေမယ့် ဘေဘီကပဲအနစ်နာခံပြီး သားကိုထိန်းရတာတဖက် အိမ်အလုပ်တွေတဖက်နဲ့ပင်ပန်းနေတာမြင်တိုင်း ကိုကို့မှာကျေးဇူးတင်ပြီးအားနာခဲ့ရတာ "

" အားမနာပါနဲ့ ကိုကိုရဲ့ ..ကိုကိုက ကျွန်တော်တို့မိသားစုသုံးယောက်စာ ပိုက်ဆံရှာရတယ်လေ။ ပြန်လာရင်လည်း အိမ်အလုပ်တွေကူလုပ်ပေးတာပဲ။ မိသားစုဆိုတာ ကိုယ်သာတယ် သူနာတယ်ရယ်လို့မှမရှိတာ "

တွေးတွေးစစနှင့်ပြောလာတဲ့ မက်သရူးစကားကို နားထောင်ပြီး ဟန်ဘင်းမှာအချစ်ပိုရပြန်သည်။ ဒီလူသားလေးကိုပိုင်ဆိုင်ထားရတာကိုက သူ့အတွက်ဆုလာဘ်ပင်။ ကစားကွင်းထဲကနေ လက်လေးတွေဝေ့ရမ်းပြီးတာ့တာလှမ်းပြနေတဲ့သားသားနှင့် သူ့ပခုံးပေါ်ခေါင်းအသာမှီထားသောမက်သရူးကိုကြည့်ရင်း ဒီမိသားစုအတွက် အလုပ်တွေပိုပြီးကြိုးစားဖို့ ဟန်ဘင်းခွန်အားတွေရလာတော့သည်။

Dear SweetheartWhere stories live. Discover now