ဒီနေ့တော့ Weekend မို့သားသားမူကြိုပိတ်တုန်း ဟန်ဘင်းရော မက်သရူးရော သားသားပါ Cheonan ကဟန်ဘင်းမိဘတွေအိမ် အလည်ရောက်နေတာဖြစ်သည်။ နွေရာသီရောက်ပြီမို့ ရာသီဥတုလည်းသာသာယာယာရှိတာနဲ့ ညနေလောက်ရောက်ရင် ဟန်ဘင်းနဲ့မက်သရူးက Sapgyoho ကိုသွားပြီး လမ်းလည်းလျှောက်ရင်း ငှက်စာသွားကျွေးဖို့ အစီအစဥ်ဆွဲထားတာပင်။ အဖေတွေသွားသမျှ အမှီးလေးလိုလိုက်ချင်သည့်သားသားမှာ Sapgyoho ကိုသွားရင်တော့လိုက်ဖို့ခေါ်ရင်တောင်မလိုက်ပါ။ ဘာလို့ဆို သားသားက ငှက်တွေကို ကြောက်လို့ဖြစ်သည်။ အေးအေးလူလူလမ်းလျှောက်လို့ရအောင် ညနေစောင်းလောက်မှသွားဖို့လုပ်ထားတာကြောင့် မသွားခင်နှစ်ယောက်လုံး သားသားနှင့်ကူဆော့ပေးနေကြသည်။
ဧည့်ခန်းထဲက တီဗွီရှေ့ကကြမ်းပြင်မှာ သားသားက ပုံ့ပုံ့ကလေးထိုင်နေပြီး စက်ရုပ်အပိုင်းအစတွေကို ထိုင်ဆက်လို့နေသည်။ သားသားရဲ့ကစားစရာတွေက Seoul အိမ်မှာအပြင် သူ့ဖိုးဖိုးဖွားဖွားအိမ်မှာလည်းသီးသန့်ရှိတာမို့ ဒီကိုလာလည်ပြီဆို ကစားစရာတွေကိုထည့်ယူလာဖို့ပင် လိုမနေတော့။ သားသားအရုပ်ဆက်နေတာကို မက်သရူးကကူပေးနေပြီး ဟန်ဘင်းကတော့ သူ့မေမေလာပေးသွားတဲ့ ဘလူးဘယ်ရီပန်းကန်ကို သားသားကိုခွံ့လိုက် မက်သရူးကိုခွံ့လိုက်နှင့် အလုပ်ရှုပ်နေသည်။
" ဒယ်ဒီ..ဒီနေရာကို သားသားမဆက်တတ်ဘူး
ဒယ်ဒီလုပ်ပေး "" သြော် သားသားကပြောင်းပြန်ဆက်ထားတာကိုး
ဒယ်ဒီလုပ်ပြမယ်...ဒီလိုလုပ်ရတာ "မက်သရူးအရုပ်ဆက်ပြတာကိုကြည့်နေရင်း သားကဟန်ဘင်းဆီကဘလူးဘယ်ရီတွေကိုယူကာ သူ့ပါးစပ်ထဲအပြည့်ထည့်ပြီးစားလိုက်သောကြောင့် နဂိုထဲကအိအိဖောင်းဖောင်းလေးဖြစ်နေသောပါးက ပိုဖောင်းသွားတော့သည်။ ဒါကိုဟန်ဘင်းမြင်တော့ အသဲတယားယားဖြစ်ကာ သားသားကိုထိုင်ရက်လေးပွေ့ချီကာပေါင်ပေါ်တင်လိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုအာဘွားတွေပေးပစ်တော့၏။
" သွားရအောင်ကိုကို..ဒီချိန်လောက်သွားမှ အပြန်နောက်မကျမှာ "
" သွားမယ်လေ..မက်သရူး အဝတ်အစားအရင်သွားလဲလိုက်။ သားကိုကြည့်ဖို့ မေမေတို့ကိုပြောလိုက်ဦးမယ် "