🎄

494 39 0
                                    

" ဘေဘီ..Hot chocolate မှာ marshmallow ထည့်ဦးမလား ? "

" မထည့်တော့ဘူး ကိုကို "

ဒီနေ့က Christmas 🎄

ဟန်ဘင်းက ညနေပိုင်းထဲက ကော်ဖီဆိုင်ကနေစောစောပြန်လာပြီး ဆိုင်ကိုဝန်ထမ်းတွေနှင့်ထားခဲ့သည်။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်ရက်ထဲက သားသားကို ဟန်ဘင်းမိဘအိမ်အလည်ပို့ထားတာကြောင့် အိမ်မှာ မက်သရူးနှင့် နှစ်ယောက်ထဲရှိနေကာ quality time လေးတွေဖန်တီးဖို့ပင်။ သားသားရှိလျှင် သူ့ဝေယာဝစ္စလိုက်လုပ်ပေးရတာနဲ့တင် ဟန်ဘင်းရောမက်သရူးရော တစ်ယောက်ကိုတစ်ယောက် အချိန်သိပ်မပေးနိုင်။ အခုတော့ အရှုပ်ထုပ်သေးသေးလေးမရှိတုန်း ကလေးအဖေပေါက်စနား များများကပ်လို့ရပြီဆိုသည့်အတွေးနှင့် ဟန်ဘင်းတစ်ယောက် hot chocolate ပူပူလေးဖျော်ရင်း ပြုံးနေမိတော့၏။

ဧည့်ခန်းက ဆိုဖာဘေးမှာတော့ ခရစ်စမတ်သစ်ပင်လေး အလှဆင်ထားသည်။ အပင်မှာချိတ်ထားတဲ့ decoration တွေကိုတော့ သားသားအကြိုက်ဝယ်ပေးထားတာဖြစ်ပြီး မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့အသဲပုံရောင်စုံမီးလုံးလေးတွေကတော့ မက်သရူးအကြိုက်ရွေးဝယ်ထားတာပင်။ ဒါတောင် ပစ္စည်းတွေဝယ်ဖို့ စူပါမားကတ်သွားတုန်းက သားသားက ကြယ်ပုံစံမီးလုံးဒီဇိုင်းလိုချင်တာကို မက်သရူးက အသဲပုံဒီဇိုင်းဝယ်မယ်ဆိုပြီး နှစ်ယောက်သားငြင်းနေကြလို့ " သားသားက decoration လုပ်ဖို့ သားကြိုက်တာဝယ်ပြီးပြီပဲ။ မီးလုံးကိုတော့ ဒယ်ဒီကြိုက်တာဝယ်ပါစေ " လို့ဟန်ဘင်းမှာ ကြားဝင်ဖြေရှင်းခဲ့ရသေးသည်။

" Hot chocolate ရပါပြီဗျာ "

ဟန်ဘင်းက hot chocolate နှစ်ခွက်ကို မက်သရူးထိုင်နေတဲ့ဆိုဖာရှေ့က စားပွဲပေါ်တင်လိုက်ပြီး မက်သရူးဘေးမှာ ဝင်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်လေထုက ချက်ချင်းပင် chocolate အနံ့အီအီမွှေးမွှေးက လွှမ်းခြုံလို့သွားသည်။

" ဘာကြည့်ကြမလဲ ကိုကို ? "

" ဘေဘီကြည့်ချင်တာကြည့်လေ။ ဘေဘီ့သဘော "

" Single's Inferno season 3 ထွက်နေပြီ။ အဲ့တာကြည့်ကြမလား ? "

" အင်း..ဘေဘီကြည့်ချင်ကြည့် "

Dear SweetheartWhere stories live. Discover now