"ကျွန်မတို့ကိုချမ်းသာပေးပါနော်
ရှင်ငွေလိုချင်တာမလား ရတယ်ပေးမယ် ကျွန်မနဲ့သားလေးကိုဘာမှမလုပ်ပါနဲ့ ""ငါတောင်းပန်ပါတယ် မင်းတို့တွက်တော့စိတ်မကောင်းပါဘူး ငါလဲ ငါ့တာဝန်ကိုပြီးအောင်လုပ်မှ ငါ့သားလေးကို သူတို့ဘာမှမလုပ်မှာ"
အသနားခံနေတဲ့ ကောင်လေးတစ်ယောက်ရဲ့
အမေနဲ့ တုန်တုန်ရီရီနဲ့ ဓား ကိုင်ထားတဲ့ ဦးလေးကြီး တစ်ယောက် ........"မေမေ သားကြောက်တယ် ဟင့် ...ဟင့်....."
"သားလေးဘာမှမဖြစ်ဘူးနော် သားလေးမကြောက်နဲ့ ..."
"ငါတောင်းပန်ပါတယ် 'ဇွပ်'....."
ထိုအချိန်တွင် ကောင်လေးရဲ့မေမေလဲကျသွားပြီလေ
"မေမေ့.. အီး...ဟီး..မေမေ့..."
သွေးအိုင်ထဲမှာ လဲနေတဲ့ ကောင်လေးရဲ့မေမေက ဦးလေးကြီးတစ်ယောက်ရဲ့ခြေထောက်ကိုကိုင်ပြီး ..
"ကျွန်မသားလေးကို...ဟွတ်....ချမ်းသာပေးပါနော် ဟွတ်...ကျွန်မတောင်းပန်ပါတယ်.."
အမေ့ နားကို တစ်ရွေ့ ရွေ့သွားနေသော12နှစ်အရွယ်ကောင်လေး။
"သား မလာနဲ့ ဟွတ်..ပြေးတော့ မလာနဲ့ "
ကောင်လေးရဲ့မေမေက ထိုကောင်လေး ကိုပြုံးပြပြီး "မေမေချစ်တယ်နော် သားလဲမေမေ့ကိုချစ်ရင် အနားကိုမလာနဲ့ " ဆိုပြီး မြေပြင်ပေါ်ခေါင်းကျသွားလေပြီ။
"မေမေ့..... "
ကောင်လေး သူ့အမေ့နားသွားတဲ့အချိန်မှာ ထို ဦးလေးကြီးက ထိုကောင်လေးနား လာနေပြီလေ ကောင်လေးလေး ဂရုတောင်မစိုက်မိ ။
" ဦးလေးတောင်းပန်ပါတယ်ကွာ ဦးလေးမှာလဲသိပ်ချစ်စရာကောင်းတဲ့ သားတစ်ယောက်ရှိတယ်သိလား "
ကောင်လေးမှ လဲ ဂရုမစိုက်ပဲ သူ့အမေ့ကိုသာကြည့်၍ငိုနေတော့သည်
အပေါ်မှာ သူ့ကို ဓားဖြင့် ရွယ်နေသူတစ်ဦး
ကောင်လေးသည်လဲ မျက်စိစုံမှိတ်ပြီး......
ထိုအချိန်တွင်
"ရဲတွေ ရဲတွေလာနေပြီ .."
YOU ARE READING
Revenge ends because of you
Fantasyပထမဆုံးစရေးတာမို့ ရှင်တို့လိုချင်တဲ့ အရည်အချင်း ကျွန်မမှာမရှိပါဘူး🤞😊ရှင်တို့ပြောချင်တဲ့အတိုင်း ဝေဖန်ချင်တဲ့အတိုင်း ပြောလို့ရပါတယ်။ဝေဖန်လို့ရပါတယ်။🖤 (စာရေးသူ၏စိတ်ကူးသက်သက်သာ ဖြစ်ကြောင်း)😳 Love you all 💘 #Emily _Khin