P_3

181 11 0
                                    

ဦး ဟန်သိန်းကျော်အိမ်အရောက်တွင် ဟိန်းမဟာ ခက်တည်တည်နှင့်။ ဧည့်ခန်းက ဆိုဖာ ပေါ်တွင်‌ ခြေကလိမ် ချိတ်ပြီးမိန့်မိန့်ကြီး ထိုင်နေလိုက်သည်။ ဦး ဟန်သိန်းကျော် က လက်ထဲက လက်ဖက်ရည်ခွက်ကို ဟိန်းမဟာရှေ့ချပြီး။

"ဟား ဟား မြန်လိုက်တာကွယ် ..."

ဦးဟန်သိန်း‌ကျော် ရယ် သံလေး စွတ်ပြီး မိန့်မိန့်ကြီးထိုင်နေတဲ့ ဟိန်းမဟာ ကို ပြောလိုက်သည်။ဦး ဟန်သိန်းကျော်တော့ တွေးကောင်းတွေးနေလိမ့်မည်။ဘယ်လိုပဲ အာဏာ ကြီးကြီး ဘယ်လောက်ပဲ ချမ်းသာသာ အရေးကြီးတာလို အပ်နေတာက သူမဟုတ်လား။ဦး ဟန်သိန်းကျော် စိတ်ထဲ တွင်တော့ ကလန့် ကလန့်။ထိုအချိန်တွင် ဟိန်း မဟာ ဝေထက်လင်း ကိုခေါင်းငြိမ့် ပြလိုက်ပြီး  ပိုက်ဆံ ထုပ်ကို ဆိုဖာရှေ့ ကစားပွဲပေါ် ပစ် တင်လိုက်သည်။

"ရော့ ခင်ဗျား လို ချင်တာ လိုရင်းပြော ကျုပ်အိုဗာတင်း မကြိုက်ဘူး''

"အေးပါကွာ  ‌ကောင်လေးကလည်း..
ဟို..... ဦး မှတ်မိသလောက်ဆို သူ့အ‌ဖေနာမည်က......ဘယ်လို..."

'ခန့် ရှိန် ပိုင်! ဦး ခန့်ရှိန်ပိုင်!"

ဟိန်းမဟာ စိတ်မရှည်တဲ့ လေသံဖြင့်။မျက်ခုံး လ အနည်းငယ် တွန့်ချိုးပြီး ဦး ဟန်သိန်းကျော် ကို ကြည့်ပြီး‌ ပြောလိုက်ရာမှ.....။ လာပြီ။ ပွင့်ဟလာပြီ ထို လူ ရဲ့ ပါးစပ်က နာမည်တစ်လုံး။

"အင်း ခန့်ရှိန်ပိုင်ရဲ့ သား
အင်း....သူ့သားက ခေတ်သာ ဟုတ်တယ်
သားခေတ်သာ။"

ခေတ်သာ ဆိုသည့်နာမည်ကို
ဟိန်းမဟာ‌ကြားလိုက်ရသည်နှင့်တစ်ပြိုက်နက် နည်းနည်းတော့စိုးရိမ်သွားဟန်ပေါ်သည်။ပြီးမှ စဉ်းစားမိလိုက်သည်က လူတူမရှား နာမည်တူမရှား ဆိုပင်။ပြီး မှ ထိုလူ ရဲ့ ပါးစပ်က နာမည်အပြည့်အစုံက...။

"ခေတ် သာ သက် ပိုင်.."

ထိုချိန်မှာ ဟိန်းမဟာ မျက်ခုံးတွေ ကလုံးဝတွန်ချိုး သွားပြီး မျက်ထောင့်နီနီ ‌တို့ဖြင့်
မတ်တပ်ထရပ်လိုက်ပြီး။

"ခများ ပါးစပ်က ဘာလို့ ကျုပ် ချစ်သူရဲ့ နာမည်ကိုထွက်ရဲတာလဲ....ခင်များကိုကြည့်ရတာ သေ ရမှာ မကြောက်ဘူးထင်တယ် ....
အသက်အပိုပါတာလား...."

Revenge ends because of you Where stories live. Discover now