""""""""""""""""""""
ရေပတ် တိုက်ပေးပြီး
ခေတ်ရဲ့ တိုက်ခန်းမှာပဲ ...နှစ်ယောက်သား တစ်ည အိပ်လိုက်ကြတယ်....
ခေတ်က တော့ မွေ့ယာ ပေါ်ဖြစ်ပြီး ဟိန်းမဟာကတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာတဲ့လား.....ခေတ် လဲ တွေးမိပါသည်...
သူနဲ့တောင်အတူနေပြီး ပြီကို ဘာလို့ တစ်အိပ်ရာထဲ လာမအိပ်နိုင်ရတာလဲ လို့....ဧည့်ခန်းထဲက ချစ်ရသူကိုတော့မသိပေမယ့်
အိပ်ခန်းထဲက ခေတ်က တော့ အိပ်မပျော်လေပါ.....မျက်ရည်ကျ နေရင်းအတွေးပေါင်းများစွာနဲ့ပေါ့.....
"ခေတ် ဘယ်လို လုပ်ရပါ့ မလဲ ဟမ်..."
"မောင်က ခေတ်ကိုမုန်းတယ်ဆိုပြီး လက်ထပ်တာ ကဘာသဘောလဲ.....ခေတ်မစဉ်းစားတတ်တော့ ....ဘူး...ဟီး...အီးးး...အင့်...ဟင့်"
"ခေတ် လက်ခံခဲ့တာမောင့်ကို ချစ်လွန်းလို့..".
"ဘာလို့ ဟင့် ဘာလို့ ခေတ် အလှည့်ကျမှလည်း.....ဟီးးးအီးးး...."
ခန့်မှန်းချေ ည 8နာရီခွဲ 9နာရီ လောက်ရှိလောက်ပြီ ထင်တယ်။ ခေတ်က ပုံမှန် ဆိုအစောကြီး အိပ်တတ်ပေမယ့် အခုလိုတွေ ဖြစ်နေတာကို မည်သူ က အိပ်နိုင်မည်လဲ.....
"ဟီးး.... အီးးး အင့်... ဟင့်......"
ထိုချိန်မှာ တံခါး ပွင့်သံကြားလိုက်ရတယ်...
မောင်များလားဆိုပြီး ခေတ် ငိုနေတာကို ချက်ချင်း ရပ်ပြီး မျက် စိကို စေ့စေ့ပိတ်လိုက်ပြီး.....
'မဖြစ်နိုင်ပါဘူး....မောင်က ငါ့ကိုမုန်း နေတာမို့လား....ငါနားကြားမှားတာ ပါ '
လို့တွေးပြီး တံခါးပေါက်ဖက်ကို လှည့်ကြည့်လိုက်တော့ညအိပ်ဝတ်စုံ အမည်း ရောင် ဝမ်းဆက်ကို ဝတ်ထားပြီး...ခေါင်း အုံး ဖြူဖြူလေး ကို လက်က ဆွဲ လာသည့် သူက ဟိန်းမဟာ မီးရောင် မှိန်မှိန်လေးမှာတောင် ထိန်းသိန်းထားတဲ့ ခန်ဓာကိုယ် အနေအထား နဲ့ တင်း ရင်း သောမေးရိုး အစုံနှင့် ဆွဲ ဆောင်မှု ရှိလှတဲ့ မျက်နှာကျ ........
ခေတ် ဟိန်းမဟာကိုမြင် လိုက်သည်နှင့် မျက်စိ ကိုစုံမှိတ်ပြီး တစ်ဖက် လှည့်ကာ....
ခုနက ကျလက်စ မျက်ရည်တို့ကို အသည်းအသန်သုတ်ပြစ်ပြီး... တွေးလိုက်သည်က 'မောင် ခေတ်ငို တာမြင်သွားပြီလားပေါ့....မောင် က ငို တာမကြိုက်ဘူးမို့လား...မောင် ခေတ်ကို မုန်းတာ အဲ့ အ
ချက်မဟုတ်ပေမယ့်...မကြိုက်တဲ့ အချက်ကိုတော့ အတက်နိုင် ဆုံးပြင်ရမည်မဟုတ်လား.........'
YOU ARE READING
Revenge ends because of you
Fantasyပထမဆုံးစရေးတာမို့ ရှင်တို့လိုချင်တဲ့ အရည်အချင်း ကျွန်မမှာမရှိပါဘူး🤞😊ရှင်တို့ပြောချင်တဲ့အတိုင်း ဝေဖန်ချင်တဲ့အတိုင်း ပြောလို့ရပါတယ်။ဝေဖန်လို့ရပါတယ်။🖤 (စာရေးသူ၏စိတ်ကူးသက်သက်သာ ဖြစ်ကြောင်း)😳 Love you all 💘 #Emily _Khin