P_7

117 10 0
                                    

             ရေ ချိုးဖို့  ခုတင်ပေါ်က အဆင်း မတ်တပ်တောင် မရပ်နိုင်ခင်မှာပဲ ပြန်ခွေ ကြသော  ခနာကိုယ်....အစကတည်းက အားနည်းတဲ့ ခနာကိုယ် မို့ပိုခက်လေပြီ..

"အာ့..."

အခု ချိန်မှာ လာကူ မယ့် သူတစ်ယောက်ထဲကို ပဲမျှော်ချင်နေပါသည်။ဒါပေမယ့် စိတ်ကူးထားသလို မဖြစ်လာပါ....ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ထဲပါပဲ...

ခုတင် ကို မရရအောင်အားပြုပြီး....ထလိုက်သည်။တဆစ်ဆစ်နဲ့ နာကျင်မှုက လုံးဝကိုမသက်သာလှ....

"အင့်"

ထော့နဲ့နဲ့ နှင့် ရေချိုးခန်းနဲ့အိပ်ခန်း နီးလို့တော်ပါသေးရဲ့။ ရေချိုးခန်းထဲရောက်တာနဲ့ ရေပန်းကို ဖွင့်ကာ ရေပန်းအောက်တွင် ထိုင်ချလိုက်သည်။ အင်ကျီ မဝတ်ထား လို့ကံကောင်း တယ်လို့ ခေတ်တွေးမိလိုက်ပါသည်။အင်းကျီချွတ်နေတာနဲ့ ခေတ် ရှိတဲ့အားအင်တွေ ကုန်ခမ်းသွားလောက်တယ်.....

ရေပန်းက ကျလာတဲ့ ရေတွေနဲ့ မျက်ရည်တွေနဲ့ စီး မျောနေတာ ဘယ်‌ေလာက်ကြာပြီလဲ မသိတော့..

အတွေးထဲ မှာလဲ စိုးရိမ်မှု သောင်းခြောက်ထောင်မက...

"မောင်...ငါ ဘယ်လို လုပ် ရတော့ မလဲ ဟင့် ဟင့် အီးးး ဟီးးးး "

"အီးး ဟီးးဟီးး ဟင့် ဟင့်။ "

ခုနက ရှိုက်သံပိတ်ပြီး ငိုခဲ့တဲ့ ခေတ်က အခုတော့ ရှိုက်ကြီးတငင်ငင် နှင့်......

အချိန်အတော်ကြာတော့ ခေတ် ငိုထားတဲ့ မျက်လုံးတွေနဲ့ ဖောင်းအစ်လို့...ရေအကြာကြီး ချိုးထားလို့ နှုတ်ခမ်းတွေလဲ ပြာတာတာ....

နာကျင်မှု ကတော့ ခုန ကထက်တော့ လျှော့ သွားသလို ပါပဲ...နာတော့နာနေသေးတာပေါ့...ရင်ဘက်ထဲ ကလောက်မနာ‌ဘူး....

နေမကာင်းဟန်နဲ့  ပါးတွေကလဲ နီး ရဲလို့......

အဝတ် ဗီဒို ဆီ မနည်းလျှောက်သွားပြီး ..အင်းကျီကို သူ့အကြိုက် ချည်ဝမ်းဆက် ပြာပြာလေးတစ်ထည် ကောက် ဝတ်လိုက်သည် ....

ထော့နဲ့နဲ့ နှင့် အိပ် ရာအောက်က ပြန့်ကျဲနေတဲ့ အဝတ် တွေကို လျှော် ရမယ့် ခြင်း တစ်ခုထဲကောက်ထည့်ထားလိုက်သည်။ အိပ်ရာခင်းတွေရောပေါ့ ။
အမှောင်ကျနေတဲ့ အခန်းကို ပြတင်းပေါက်လေး ဖွင့်ဖို့ အသွား ခေါင်းမှာ ရုတ်တရက် မူးသွားပြိး မျက်လုံးထဲ မှာလဲ ...ဘာမှမမြင်တော့ ...သေချာတာကတော့ လောကကြိး နှင့် အဆက်သွယ် ခဏတစ်လေ ပျက်သွားလေပြီပေါ့......

Revenge ends because of you Where stories live. Discover now