Part 11

81 12 0
                                    

အချစ်ထူး

အပိုင်း(၁၁)

#အချစ်ထူး

07090952

“လေပြည်ညင်းတွေ တိုက်ခတ်မှ

သာယာပါတယ် ချစ်သူအပြုံး..

အချိန်တိုင်းမှာ အနားရှိမှ

ပျော်ရွှင်ပါတယ် ချစ်သူအပြုံး..ဟွင်…ဟွင်…ဟွင်”

“အမလေး..တော်ပါတော့ ဆရာကြီးရယ်..ဒီတစ်ပိုဒ်ထဲပတ်ဆိုနေတာ နားကို ညည်းနေတာပဲ…”

“နောက်ကနေ တဟွင်း ဟွင်းနဲ့ တီးလုံးပါ လိုက် လိုက်သေးတယ်…””

မပြည့်က ထအော်ပြီး ဘေးက ကောင်မလေး နှစ်ယောက်ကလည်း ပြောတော့ အထူး ပါးစပ်က အလိုလို သီချင်းညည်းဆိုနေမိတာကို သတိရပြီး ရှက်ကာ ပါးစပ်ပိတ်လိုက်ရသည်။

အထူး က သီချင်းတွေ ဘာတွေလည်း ကြိုက်တာ မဟုတ်ပါဘူး..။

မနေ့တုန်းက သူတို့ပဲ ဖွင့်ထားတာ..။

အဲ့သီချင်းစကားလုံးတွေကို သဘောကျပြီး ခေါင်းက အလိုလို မှတ်ထားကာ တစ်ချိန်လုံး ဆိုနေမိတာ..။

အထူးနဲ့ အစ်မက ချစ်သူတွေ မဟုတ်ပေမဲ့ အစ်မကို ဓာတ်ပုံထဲကလို ပြုံးနေတာလေး တွေ့ဖူးချင်သည်။

အဲ့ပုံထဲမှာ အစ်မ က ရိုးရိုးပြုံးတာ မဟုတ်ပဲ တကယ်ပျော်ပြီး ရယ်နေတာမျိုးလေးလေ..။

အထူး လည်း အစ်မကို အဲလို ပျော်အောင်လုပ်ပေးချင်သည်။

အစ်မက မုန့်စားရရင်တော့ နည်းနည်းပျော်သလိုပါပဲ..။

“မပြည့်…”

“ဘာဖြစ်ပြန်ပြီလဲ..”

“အင်္ဂလိပ်စကားပြောတက်အောင် ဘယ်လောက်ကုန်လဲ…”

“အောင်မယ်….လေးတန်းတောင် မအောင်ပဲ အင်္ဂလိပ်စကားပြောချင်ပြန်ပြီလား…”

မပြည့်က မျက်စောင်းထိုးပြီး ပြောတော့ အထူး ခေါင်းကုတ်မိသည်။

“မပြည့်ကလည်း…မပြည့်ကော လေးတန်းအောင်ပြီး ပန်းချီဆွဲတက်လို့လား…ကျွန်တော် အဲဒါ ပြောတက်ချင်လို့ပါ…ဘယ်မှာလုပ်ရမလဲ…”

“ဘာကိစ္စ ချက်ချင်းကြီး တက်ချင်ရတာလဲ…”

မပြည့်က လုပ်လက်စ အလုပ်တွေကို ပြန်လုပ်ရင်း မေးတော့ အထူး သက်ပြင်းတစ်ချက် ချလိုက်သည်။

အချစ်ထူးWhere stories live. Discover now