အချစ်ထူး
အပိုင်း (၂၁)
#အချစ်ထူး
07130116
(စာရိုင်းပြီး အဆိပ်ဖြစ်သွားရင် ကန်တော့ပါ)
“ဒေါက်…ဒေါက်…ဒေါက်…”
အထူး ၀ရန်တာ ကို ထုတ်ထားတဲ့ ပလတ်စတစ်ထိုင်ခုံမှာ ထိုင်ပြီး စာအုပ်ဖတ်နေရင်းက ကပျာကယာ ထသွားလိုက်သည်။
“မင်းက မသောက်တက်တော့…အမြည်းပိုဝယ်လာတယ်….”
“ကျွန်တော် မစားချင်ပါဘူး…”
အထူး ပြောလိုက်ပေမဲ့လည်း တစ်ချက်ရယ်ပြီး ခြေဖနောင့်ကို တခြားခြေတစ်ဖက်ရဲ့ ခြေဦးနဲ့ ဖိပြီး ချွတ်လိုက်သည်။
လက်အပြည့် အိတ်တွေဆွဲလာပေမဲ့လည်း အထူး စားလို့ အဆင်မပြေပါဘူး..။
သူ က ထိုင်စားနေလည်း အထူးက စာအုပ်မဖတ်ရင် ပုံဆွဲနေလို့ရတာမို့ အဆင်ပြေပါသည်။
သူကတော့ ၀ရန်တာမှာ ချထားတဲ့ နောက်ထပ် ထိုင်ခုံ တစ်လုံးပေါ်မှာ ပစ်ထိုင်လိုက်ပြီး ပိတ်ထားတဲ့ အ၀င်တံခါးကို တစ်ချက်ကြည့်၍ ပြုံးသည်။
“ငါ မ၀င်ပါဘူး…ဖွင့်ထားလို့ရပါတယ်ကွ…”
“အခန်းထဲမှာ အလုပ်စားပွဲတွေ ဒီတိုင်းထားတာ…အစ်မက လူစိမ်း အမြင်မခံရဘူး…အ၀င်မခံရဘူးလို့ မှာထားလို့ပါ…”
သူက ခေါင်းညိတ်ပြီး ဘေးမှာ ချထားတဲ့ အိတ်အမဲထဲကို လက်နှိုက် မွှေကာ တစ်ခုခု ရှာနေသည်။
သူများ စားသောက်နေတာကို မကြည့်ချင်လို့ မျက်နှာချင်းဆိုင်လို ဖြစ်နေတဲ့ ခုံကို အပြင်ဘက် လှည့်လိုက်ကာ စာအုပ်ကို ဘေးမှာ ချလိုက်သည်။
သူ့ပုလင်းကို ထုတ်ပြီး အဖုံးကိုဖွင့်လိုက်တော့ မစူးပေမဲ့လည်း ပြင်းသည့် အရက်နံ့တွေ ထွက်လာသည်။
အရက်ပုလင်း က အရက်လျော့လေး စကားများလေ ဆိုတော့ အခုလောလောဆယ် တိတ်ဆိတ်နေသည်။
အထူး လည်း ဒီဇိုင်းအတွက် ပုံကြမ်းကို စာအုပ်ပေါ် ဆွဲကြည့်ရင်း အတွေးများနေသည်။
အထူး အတွေးကတော့ ထုံးစံအတိုင်း အစ်မပါပဲ..။
သူ့ကို လာခိုင်းမိတာ အစ်မသိသွားရင် အထူးကို စိတ်ဆိုးမလားလို့ အရင်တွေးမိသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."