Part 33

97 12 2
                                    

အချစ်ထူး

အပိုင်း (၃၃)

#အချစ်ထူး

07190240

"မယ်အိ....ငလင်း နိုင်ငံခြားထွက်သွားတာ နင်သိလား.."

"အင်း.."

"နင့်ကို လာပြောလို့လား..."

"မဟုတ်ပါဘူး..ထူးကျော်ကို ပြောသွားတယ်..."

"ဟမ်...ဘာတွေ ပြောပြန်ပြီလဲ..."

နိုင်ငံခြားထွက်သွားတဲ့လူကို ထပ်ပြီး ရန်တွေ့မှာ စိုးလို့ အိ စကားကို သေချာ စဉ်းစား၍ ပြောရသည်။

"ငါ့ကို ဂရုစိုက်ဖို့ ပြောတာပါ..."

"ဆရာကြီးကလည်း...အားမရစရာကြီး..ဆွဲထိုးပစ်လိုက်ရမှာ...'

"သူ့ဘက်က ရန်စောင်ရင်တောင် ဒေါသနဲ့ မတုန့်ပြန်ရဘူးလို့ ငါ မှာထားလို့ပါ..."

"ဟွန့်..ခုမှ လွတ်သောငါးကြီးနေတယ်..."

"သူ့မိန်းမက သူနဲ့ လိုက်ပါတယ်...ချောလည်းချောတယ်..."

"အမလေး...ကွဲတယ်ဆိုတာ နင်က တကယ်ယုံနေသလား မယ်အိ...ငါတော့ နိုင်ငံခြားမှာ ပြန်ပေါင်းထုတ်နေပြီပဲ ထင်တယ်..."

"နင်ကလည်း...သူများအကြောင်း စပ်စုရင်းပဲ အချိန်ကုန်နေတယ်...ကိုယ့်အတွက်ပဲ စပ်စုစမ်းပါ..."

"အေးပါ...မင်္ဂလာဆောင်ခါနီးတော့ ပြောအားရှိနေပြီပေါ့လေ.."

"......"

အိ မျက်စောင်းထိုးပစ်လိုက်ပြီး ဆရာသမားလေး မအားတဲ့ကြားက ဆွဲပေးထားတဲ့ ပုံကြမ်းစာရွက်တွေကို တရိုတသေ သိမ်းနေရသည်။

မင်္ဂလာပွဲကို တကယ်ခင်မင်ရင်းနှီးပြီး ကိုယ့်ကို မကဲ့ရဲ့ပဲ နှလုံးသားထဲက ကောင်းချီးပေးနိုင်တဲ့ လူတွေကိုပဲ ရွေးထုတ်ပြီး ဖိတ်ဖို့ စီစဉ်ထားသည်။

ကိုယ့် ချွေးနှဲစာနဲ့ရှာထားတဲ့ ပိုက်ဆံတွေကို ကိုယ့်ကို အတင်းပြောမဲ့ လူတွေအတွက် အိ မသုံးချင်ပါဘူး.။

နောက်ပြီး အထူးအတွက် အထူး အစီအစဉ် တစ်ခုကိုလည်း မေမေ နဲ့ အိ ပေါင်းပြီး စီစဉ်ထားသေးသည်။

"ဟဲ့...မယ်အိ...ဆရာကြီးက မင်္ဂလာဆောင်ရမှာကိုတော့...သိပါတယ်နော်..."

အချစ်ထူးWhere stories live. Discover now