Part 14

102 13 2
                                    

အချစ်ထူး

အပိုင်း (၁၄)

#အချစ်ထူး

11230934

“ဟဲ့…ဆရာကြီး…လာလေ…မြန်မြန်…”

“ဟုတ်…”

မပြည့်က ရှေ့ကနေ ခေါ်တော့ အထူး ခေါင်းညိတ်ပြီး ရှေ့ကို မြန်မြန်သွားလိုက်သည်။

အခန်းတစ်ခုရဲ့ တံခါးကို တွန်းဖွင့်ပြီး ၀င်သွားလိုက်တော့ အေးပြီး မွှေးနေသည်။

ထိုင်ခုံတွေ မှန်တွေနဲ့ အလင်းပြန်ပြီး မျက်လုံးတောင် ကျိန်းပါသည်။

“ဟော…ပြည့်ပြည့်…”

“ကောင်မ…ဆိုင်မှာ မထိုင်ပဲ..အဲ့ကြားထဲ ဘာဝင်လုပ်နေတာလဲ…”

“အမလေး…ဘာလုပ်ရမှာလဲ…စက်စမ်းနေတာဟေ့…ဘာဖြစ်ပြန်ပြီလဲ…အသည်းကွဲလို့ အရက်သောက်ဖို့ဆို မအားဘူးနော်…အလုပ်ရှိတယ်…”

“မသာမရဲ့…အရင်ထွက်လာစမ်းပါ…”

မပြည့်က  ဆဲလိုက်တော့ အခန်းလေး တစ်ခုထဲကနေ ယောက်ျား တစ်ယောက်ထွက်လာသည်။

စောနက မိန်းမ အသံနဲ့ ပြောနေတာပါ..။

“ဟယ်…ဘယ်သူလေးလဲ…”

အထူး အံသြနေသော်လည်း ထွက်လာတဲ့ အသံကြောင့် မျက်လုံးပြူးသွားသည်။

“ဟဲ့..မိပြည့်မ..အသည်းကောင်းလို့ မောင်လေးတောင်းနေတာပေါ့လေ…ကွဲတာ ပြန်စေ့သွားပြီလား..”

“မသာမရဲ့…အဲဒါ ငါ့ကောင်မဟုတ်ဘူး..”

“ဘယ်သူ့ကောင်တုန်း…”

“မယ်အိ ကောင် လုပ်ပေးမလို့…”

“ဟမ်….”

ရှေ့က လူက မျက်လုံးကြီး ပြူးကြည့်နေတော့ အထူး ဘယ်လိုနေရမှန်း မသိလို့ မှန်ထဲက ကိုယ့်ပုံကိုပဲ ပြန်ကြည့်နေလိုက်ရသည်။

“ဘာတွေတုန်း…ငါ့ကို ပြောဦးဟ..”

“ဒီကောင်က မယ်အိကို သဘောကျနေတာ အသေအကြေပဲ..ဟိုကောင်မက ရှေ့မတိုးဘူးလေ…ဘာကြောင့်လဲ နင်သိတယ်မလား…ဟိုခွေးသကောင့်သားက ဘယ်လိုမှ မနေပဲ သူက ရှေ့မဆက်နိုင်တာ  ငါ ခံပြင်းလွန်းလို့ ဒီကောင့်ကို မယ်အိနဲ့ အဆင်ပြေအောင် လုပ်ပေးမလို့ဟာ..”

အချစ်ထူးWhere stories live. Discover now